(Unicode) လူငယ်နှင့် သဘာဝပတ်ဝန်းကျင်

ရေကြီး ရေလျှံမှု လျော့ကျသက်သာအောင်

လက်တလော မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဘယ်အချိန် ကာလတွေမှာ ရေကြီးရေလျှံဖြစ်တတ်သလဲ။ ဘာကြောင့် ရေကြီး ရေလျှံဖြစ်ရတာလဲ။ ဘယ်လို ကြိုတင် ကာကွယ်သင့်လဲ ဆိုတာတွေကို ပြောပြချင်ပါတယ်။
မြန်မာနိုင်ငံဟာ မြစ်၊ ချောင်းတွေ ကွန်ရက်တစ်ခုလို ယှက်ဖြာစီးဆင်းနေတဲ့အတွက် တစ်နိုင်ငံလုံးမှာ ရေကြီးနိုင်ခြေရှိတယ်လို့ ယေဘုယျအားဖြင့် မှတ်သားထားနိုင်ပါတယ်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ် တောင်ပိုင်း မှာ ဒီရေတက်ချိန်နဲ့ မြစ်ရေစီးဆင်းမှု မြင့်မားချိန်တွေ တိုက်ဆိုင်နေရင် ရေကြီးမှုဖြစ်ပွားတတ်ပါတယ်။ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ကယား၊ ကရင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာရင် လျှပ်တပြတ် ရေကြီး တတ်ပါတယ်။ ဒါဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောပါ။ အရင်ကာလတွေကတော့ ရေကြီးရေလျှံမှု ဖြစ်တယ် ဆိုတာ သူ့အချိန်အခါကျရင် သူ့သဘာဝအတိုင်း ဖြစ်တဲ့အပြင် ထိခိုက်မှုကလည်း မရှိသလောက် နည်းပါးတဲ့ အတွက် ဘယ်သူကမှ ထူးထူးခြားခြား ဂရုစိုက်မနေကြပါဘူး။ အခုတော့ ဂရုမစိုက်လို့ကို မရတော့အောင် ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရပါပြီ။ အကြမ်းအားဖြင့်တော့ ရေကြီးရေလျှံမှုတွေဟာ ၂၀၀၈ ခုနှစ် နောက် ပိုင်းကာလတွေမှာ ပြည်သူတွေ သတိထားမိရလောက်အောင် ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းကာလတွေမှာ မြန်မာနိုင်ငံဟာ နှစ်စဉ် ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိရောက်တဲ့ ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေ မလုပ်နိုင်တဲ့အတွက် လူဦးရေ ၅ဝဝဝဝကနေ ၆ဝဝဝဝကြား ရေဘေးသင့်နေရသလို လယ်မြေဧက သိန်းနဲ့ချီပြီး ရေနစ်မြုပ်နေရတယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ အခုနောက်ပိုင်း မြန်မာပြည်မှာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မုတ်သုန်ကာလ တိုတောင်းလာပေမယ့် မိုးရွာသွန်းရင် သည်းသည်းထန်ထန်နဲ့ အချိန်ကြာကြာ ရွာသွန်းတတ်ပါတယ်။ ဒါကြောင့် လည်း နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရတာလို့ ထင်မြင်မိပါတယ်။
မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေဟာ ပျှမ်းမျှအားဖြင့် ဇွန်လကနေ အောက်တိုဘာလအတွင်း ဖြစ်ပွား တတ်ပါတယ်။ အထူးသဖြင့်တော့ မိုးအားကောင်းတဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ပိုမိုအဖြစ်များတာကို တွေ့ရ ပါတယ်။ ရေကြီးရေလျှံမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဖြစ်ပွားလာသလို ဖြစ်ပွားတဲ့နေရာဒေသတွေလည်း တိုးလာနေပါတယ်။ ဒါကြောင့် မြန်မာပြည်ထဲက ဘယ်နေရာ ဘယ်ဒေသမဆိုမိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းလာပြီဆိုရင် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်တယ်တဲ့ အခြေအနေရှိနေတယ်လို့တောင် ဆိုရမလို ပါပဲ။ ဒီအတွက် ဒေသတိုင်းမှာ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံတွေ ချမှတ်ဆောင်ရွက် ထားသင့်ပါတယ်။
အဲဒီရေကြီးရေလျှံမှုတွေဟာ ဘာကြောင့် ဖြစ်ရတာလဲ။ ကျွန်တော်မြင်တာပြောရရင်တော့ ရေကြီးမှု သဘာဝဘေးအန္တရာယ်ဟာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်း၊ ရေစီးဆင်းမှု စနစ်ညံ့ဖျင်းခြင်း၊ မြစ်ကြောင်းပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်းပြောင်းခြင်း၊ ဆည်မြောင်း၊ တမံနဲ့မြစ်ကူးတံတားတွေ တည်ဆောက် ရာမှာ နည်းပညာပိုင်း အားနည်းခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သယံဇာတတွင်းထွက်တွေကို စည်းကမ်းမဲ့ ထုတ်ယူခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတွေကြောင့် ဖြစ်ပွားရတာပါ။ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိသလောက်လေး မျှဝေချင်ပါတယ်။
သစ်တောပြုန်းတီးမှုနဲ့ တွင်းထွက်တွေထုတ်ယူမှုကြောင့် မြေဆီလွှာဟာ ထိန်းချုပ်နိုင်မှုတွေ အားနည်း လာပြီး မိုးရွာသွန်းတဲ့အခါ အလွယ်တကူ တိုက်စားခံရတော့တယ်။ တိုက်စားခံရတဲ့ မြေဆီလွှာတွေဟာ မိုးရေရဲ့ သယ်ဆောင်မှုကြောင့် မြစ်ချောင်းတွေထဲ ရောက်ကြရတယ်။ မြစ်၊ ချောင်းတွေဟာလည်း ပုံမှန်အတိုင်းဆိုရင် မြေဆီတွေ၊ သဲနှုန်းတွေကို ပင်လယ်ထိရောက်အောင် သယ်ဆောင်သွားနိုင်ပါတယ်။ အခုတော့ နည်းပညာ အားနည်းစွာနဲ့ တည်ဆောက်ခဲ့တဲ့ တံတားတွေ၊ လျှပ်စစ်ရဖို့နဲ့ စိုက်ပျိုးရေရဖို့ ဆောက်ခဲ့တဲ့ဆည်တမံတွေကြောင့် မြစ်ချောင်းတွေဟာ ရေစီးအားနည်းနေခဲ့ရတယ်။ ရေစီးအားနည်းသွားတဲ့အတွက် မြေဆီ၊ သဲနှုန်းတွေကို ပင်လယ်အထိ မသယ်ဆောင်နိုင်တော့ဘဲ ရောက်တဲ့နေရာမှာ ပို့ချရတော့တယ်။ အဲဒီအခါမှာ သောင်ထွန်းမှုတွေ မြစ်ကြောင်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီလို မြစ်တွေ၊ ချောင်းတွေတိမ်ကောလာပြီး မြစ်ကြောင်း ပိတ်ဆို့မှုတွေကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းလိုက်တာနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားရတော့တာပါပဲ။ အဲဒီလိုရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ဆည်တမံတွေကို ချိုးဖောက်တာတွေကြောင့်လည်း ရေကြီးရေလျှံမှု ပိုမိုပြင်းထန်သွားရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အချို့ဒေသတွေမှာတော့ တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ရေကြီးတတ်ကြပါတယ်။
ဒီတော့ ရေကြီးရေလျှံမှုတွေကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။ ဆိုတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ လူတစ်ယောက် ကျန်းမာရေးမကောင်းရင် ကျန်းမာရေးကောင်းအောင် လုပ်ဆောင်ရတယ် မဟုတ်လား။ ကျန်းမာရေးကောင်းအောင် လုပ်ဆောင်ဖို့ အဲဒီလူ ဘာရောဂါဖြစ်နေတာလဲ ဆိုတာ သိအောင်လုပ်ရမယ်လေ။ ရောဂါသိပြီဆိုရင်လည်း အဲဒီရောဂါကို တတ်ကျွမ်းနားလည်သူနဲ့ စနစ်တကျ ကုသမှ ပျောက်ကင်းနိုင်မှာ ဖြစ်တယ်။ ရောဂါကိုသိပေမယ့်လည်း စနစ်တကျ မကုသဘဲ ဆေးမြီးတိုနဲ့ပဲ ကုသ နေရင် ပျောက်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ရောဂါအမြစ်ပြတ် ပျောက်ကင်းမှာ မဟုတ်ပါဘူး။ နောက်ဆုံးအဲဒီလူရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကို သက်သာ အောင် ဆောင်ရွက်ချင်ရင်လည်း အဲဒီလိုပါပဲ။ ရောဂါကို သိအောင်လုပ်ပြီး တတ်ကျွမ်းနားလည်သူနဲ့ စနစ်တကျ ကုသကြရပါမယ်။
အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ရောဂါကတော့ ရေကြီးရေလျှံမှု ရောဂါပဲ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းတွေလည်း ကျွန်တော် အထက်မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီအကြောင်းအရင်းတွေကို ပြန်လည် လေ့လာပြီး အရေးကြီးတဲ့ အကြောင်းအရင်း၊ လုပ်ဆောင်လို့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာ- သစ်တောပြုန်းတီးမှုနဲ့ သယံဇာတအဆမတန် ထုတ်ယူမှု။ အဲဒီနှစ်ခုဟာ ရေကြီးရေလျှံမှု ဖြစ်စဉ်မှာ တော်တော် အရေးပါပါတယ်။ ဒါကြောင့် သစ်တောပြုန်းတီးမှု လျော့ကျ သက်သာ အောင် လုပ်ရမယ်။ ရေဝေရေလဲ ဒေသတွေနဲ့ မြစ်ဝှမ်းဒေသတွေမှာ သစ်တောတွေ ပြန်လည်စိုက်ပျိုးကြရမယ်။ သယံဇာတ အဆမတန် ထုတ်ယူမှုတွေကို ပြင်းပြင်းထန်ထန် တားဆီးရမယ်။ မလိုက်နာသူတွေကို ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ရမယ်။ ဖြစ်နိုင်ရင် သယံဇာတ ထုတ်ယူသူတွေကို သူတို့ကြောင့် ပျက်စီး သွားတဲ့ သစ်တောတွေကို ပြန်လည်စိုက်ပျိုးခိုင်းရမယ်။ သဘာဝ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ပြန်ထိန်း ရမယ်။ ဒါတွေကို အစိုးရအနေနဲ့ ရေရှည်စီမံကိန်းနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုတွေ လျော့ကျသက်သာစေဖို့ ရေရှည်စီမံကိန်းတွေ ဆောင်ရွက်နေချိန်မှာ ရေတိုစီမံကိန်း တွေကိုလည်း တစ်ဆက်တည်း ဆောင်ရွက်ဖို့လိုပါတယ်။ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေကို စနစ်တကျ နဲ့ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ မြို့ပြမှာရှိတဲ့ ရေမြောင်းတွေ ရေစီးရေလာကောင်းအောင် ဆောင်ရွက် ခြင်း၊ လယ်ယာမြေတွေမှာ ရေနှုတ်မြောင်းတွေ၊ ရေတားတာတွေကို ဆောင်ရွက်ခြင်း၊ ရေမြုပ်ဒဏ်ခံ စပါးများ စိုက်ပျိုးခြင်း၊ ရေမြုပ်လို့ ပျက်စီးခဲ့တဲ့လယ်တွေကို ချက်ချင်းပြန်လည် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ မိုးလေဝသဌာနက ထုတ်ပြန်တဲ့ သတင်းတွေကို အောက်ခြေပြည်သူတွေဆီ ရောက်အောင် ဆောင်ရွက်ပေးခြင်း၊ ရေဘေးကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးအစီအမံတွေအတွက် စနစ်တကျ စီမံဆောင်ရွက်ထားခြင်းတွေကို ကြိုကြိုတင်တင် လုပ်ဆောင်ထားဖို့ လိုပါတယ်။ အဓိကကတော့ ရေဘေးဖြစ်မှ ထောက်ပံ့ လှူဒါန်းနေတာထက်စာရင် ရေဘေးမဖြစ်ခင်ကတည်းက လုပ်ဆောင်သင့်တဲ့ ကြိုတင်ကာကွယ်မှု တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ မြန်မာပြည်သူတွေကို ရေဘေးအန္တရာယ်ကနေ လျော့ကျသက်သာအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယူဆမိပါတယ်။ ။

မင်းချစ်နိုင်
စံတော်ချိန် (၁၇.၇.၂၀၂၀)

(Zawgyi)

လူငယ္ႏွင့္ သဘာ၀ပတ္၀န္းက်င္
ေရၾကီး ေရလွ်ံမႈ ေလ်ာ့က်သက္သာေအာင္

လက္တေလာ ျမန္မာႏုိင္ငံအထက္ပိုင္းေဒသေတြမွာ ေရၾကီးေရလွ်ွံမႈေတြ ျဖစ္ေပၚေနတာေၾကာင့္ ဘယ္အခ်ိန္ ကာလေတြမွာ ေရၾကီးေရလွ်ံျဖစ္တတ္သလဲ။ ဘာေၾကာင့္ ေရၾကီး ေရလွ်ံျဖစ္ရတာလဲ။ ဘယ္လို ၾကိဳတင္ ကာကြယ္သင့္လဲ ဆိုတာေတြကို ေျပာျပခ်င္ပါတယ္။
ျမန္မာႏုိင္ငံဟာ ျမစ္၊ ေခ်ာင္းေတြ ကြန္ရက္တစ္ခုလို ယွက္ျဖာစီးဆင္းေနတဲ့အတြက္ တစ္ႏုိင္ငံလံုးမွာ ေရၾကီးႏုိင္ေျခရွိတယ္လို႔ ေယဘုယ်အားျဖင့္ မွတ္သားထားႏုိင္ပါတယ္။ အထူးသျဖင့္ ျမစ္၀ကၽြန္းေပၚ ေတာင္ပိုင္း မွာ ဒီေရတက္ခ်ိန္နဲ႔ ျမစ္ေရစီးဆင္းမႈ ျမင့္မားခ်ိန္ေတြ တိုက္ဆိုင္ေနရင္ ေရၾကီးမႈျဖစ္ပြားတတ္ပါတယ္။ မေကြး၊ စစ္ကိုင္း၊ ရခုိင္၊ ကယား၊ ကရင္၊ ကခ်င္၊ ခ်င္းနဲ႔ ရွမ္းျပည္နယ္ေတြမွာ မိုးသည္းထန္စြာရြာရင္ လွ်ပ္တျပတ္ ေရၾကီး တတ္ပါတယ္။ ဒါဟာ ျဖစ္ေလ့ ျဖစ္ထရွိတဲ့ သေဘာပါ။ အရင္ကာလေတြကေတာ့ ေရၾကီးေရလွ်ံမႈ ျဖစ္တယ္ ဆိုတာ သူ႔အခ်ိန္အခါက်ရင္ သူ႔သဘာ၀အတိုင္း ျဖစ္တဲ့အျပင္ ထိခိုက္မႈကလည္း မရွိသေလာက္ နည္းပါးတဲ့ အတြက္ ဘယ္သူကမွ ထူးထူးျခားျခား ဂရုစိုက္မေနၾကပါဘူး။ အခုေတာ့ ဂရုမစိုက္လို႔ကို မရေတာ့ေအာင္ ေရၾကီးေရလွ်ံမႈေတြနဲ႔ ၾကံဳေတြ႔ေနရပါျပီ။ အၾကမ္းအားျဖင့္ေတာ့ ေရၾကီးေရလွ်ံမႈေတြဟာ ၂၀၀၈ ခုႏွစ္ ေနာက္ ပိုင္းကာလေတြမွာ ျပည္သူေတြ သတိထားမိရေလာက္ေအာင္ ျဖစ္ေပၚလာခဲ့တယ္လို႔ သိရပါတယ္။
အဲဒီေနာက္ပိုင္းကာလေတြမွာ ျမန္မာႏုိင္ငံဟာ ႏွစ္စဥ္ ေရၾကီးေရလွ်ံမႈေတြနဲ႔ ၾကံဳေတြ႔ခဲ့ရတယ္။ သက္ဆိုင္ရာ တာ၀န္ရွိသူေတြက ထိေရာက္တဲ့ ၾကိဳတင္ျပင္ဆင္ ကာကြယ္မႈေတြ မလုပ္ႏုိင္တဲ့အတြက္ လူဦးေရ ၅၀၀၀၀ကေန ၆၀၀၀၀ၾကား ေရေဘးသင့္ေနရသလို လယ္ေျမဧက သိန္းနဲ႔ခ်ီျပီး ေရနစ္ျမဳပ္ေနရတယ္လို႔ မွတ္သားခဲ့ရဖူးပါတယ္။ အခုေနာက္ပိုင္း ျမန္မာျပည္မွာ ရာသီဥတုေဖာက္ျပန္မႈေတြေၾကာင့္ မုတ္သုန္ကာလ တိုေတာင္းလာေပမယ့္ မိုးရြာသြန္းရင္ သည္းသည္းထန္ထန္နဲ႔ အခ်ိန္ၾကာၾကာ ရြာသြန္းတတ္ပါတယ္။ ဒါေၾကာင့္ လည္း ႏွစ္စဥ္ ေရၾကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ့ရတာလို႔ ထင္ျမင္မိပါတယ္။
ျမန္မာႏုိင္ငံမွာ ေရၾကီးေရလွ်ံမႈေတြဟာ ပွ်မ္းမွ်အားျဖင့္ ဇြန္လကေန ေအာက္တိုဘာလအတြင္း ျဖစ္ပြား တတ္ပါတယ္။ အထူးသျဖင့္ေတာ့ မိုးအားေကာင္းတဲ့ ဇူလိုင္နဲ႔ ၾသဂုတ္လေတြမွာ ပိုမိုအျဖစ္မ်ားတာကို ေတြ႔ရ ပါတယ္။ ေရၾကီးေရလွ်ံမႈေတြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုျဖစ္ပြားလာသလို ျဖစ္ပြားတဲ့ေနရာေဒသေတြလည္း တိုးလာေနပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္ထဲက ဘယ္ေနရာ ဘယ္ေဒသမဆိုမုိးသည္းသည္းထန္ထန္ ဆက္တိုက္ရြာသြန္းလာျပီဆိုရင္ ေရၾကီးေရလွ်ံမႈ ျဖစ္ပြားႏုိင္တယ္တဲ့ အေျခအေနရွိေနတယ္လို႔ေတာင္ ဆိုရမလို ပါပဲ။ ဒီအတြက္ ေဒသတိုင္းမွာ ေရေဘးအႏၱရာယ္ ၾကိဳတင္ကာကြယ္ေရး အစီအမံေတြ ခ်မွတ္ေဆာင္ရြက္ ထားသင့္ပါတယ္။
အဲဒီေရၾကီးေရလွ်ံမႈေတြဟာ ဘာေၾကာင့္ ျဖစ္ရတာလဲ။ ကၽြန္ေတာ္ျမင္တာေျပာရရင္ေတာ့ ေရၾကီးမႈ သဘာ၀ေဘးအႏၱရာယ္ဟာ မိုးသည္းထန္စြာ အဆက္မျပတ္ ရြာသြန္းျခင္း၊ ေရစီးဆင္းမႈ စနစ္ညံ့ဖ်င္းျခင္း၊ ျမစ္ေၾကာင္းပိတ္ဆို႔ျခင္း၊ ေရလမ္းေၾကာင္းေျပာင္းျခင္း၊ ဆည္ေျမာင္း၊ တမံနဲ႔ျမစ္ကူးတံတားေတြ တည္ေဆာက္ ရာမွာ နည္းပညာပိုင္း အားနည္းျခင္း၊ သစ္ေတာျပဳန္းတီးျခင္း၊ သယံဇာတတြင္းထြက္ေတြကို စည္းကမ္းမဲ့ ထုတ္ယူျခင္း၊ သဘာ၀ ပတ္၀န္းက်င္ ပ်က္စီးျခင္း၊ ရာသီဥတုေျပာင္းလဲျခင္းေတြေၾကာင့္ ျဖစ္ပြားရတာပါ။ ဘာေၾကာင့္လဲဆိုတာ ကၽြန္ေတာ္သိသေလာက္ေလး မွ်ေ၀ခ်င္ပါတယ္။
သစ္ေတာျပဳန္းတီးမႈနဲ႔ တြင္းထြက္ေတြထုတ္ယူမႈေၾကာင့္ ေျမဆီလႊာဟာ ထိန္းခ်ဳပ္ႏုိင္မႈေတြ အားနည္း လာျပီး မိုးရြာသြန္းတဲ့အခါ အလြယ္တကူ တိုက္စားခံရေတာ့တယ္။ တိုက္စားခံရတဲ့ ေျမဆီလႊာေတြဟာ မိုးေရရဲ႔ သယ္ေဆာင္မႈေၾကာင့္ ျမစ္ေခ်ာင္းေတြထဲ ေရာက္ၾကရတယ္။ ျမစ္၊ ေခ်ာင္းေတြဟာလည္း ပံုမွန္အတိုင္းဆိုရင္ ေျမဆီေတြ၊ သဲႏႈန္းေတြကို ပင္လယ္ထိေရာက္ေအာင္ သယ္ေဆာင္သြားႏုိင္ပါတယ္။ အခုေတာ့ နည္းပညာ အားနည္းစြာနဲ႔ တည္ေဆာက္ခဲ့တဲ့ တံတားေတြ၊ လွ်ပ္စစ္ရဖို႔နဲ႔ စိုက္ပ်ဳိးေရရဖို႔ ေဆာက္ခဲ့တဲ့ဆည္တမံေတြေၾကာင့္ ျမစ္ေခ်ာင္းေတြဟာ ေရစီးအားနည္းေနခဲ့ရတယ္။ ေရစီးအားနည္းသြားတဲ့အတြက္ ေျမဆီ၊ သဲႏႈန္းေတြကို ပင္လယ္အထိ မသယ္ေဆာင္ႏုိင္ေတာ့ဘဲ ေရာက္တဲ့ေနရာမွာ ပို႔ခ်ရေတာ့တယ္။ အဲဒီအခါမွာ ေသာင္ထြန္းမႈေတြ ျမစ္ေၾကာင္းပိတ္ဆို႔မႈေတြ ျဖစ္ေပၚလာတယ္။ အဲဒီလို ျမစ္ေတြ၊ ေခ်ာင္းေတြတိမ္ေကာလာျပီး ျမစ္ေၾကာင္း ပိတ္ဆို႔မႈေတြေၾကာင့္ မိုးသည္းသည္းထန္ထန္ ရြာသြန္းလိုက္တာနဲ႔ ေရၾကီးေရလွ်ံမႈေတြ ျဖစ္ပြားရေတာ့တာပါပဲ။ အဲဒီလိုေရၾကီးေရလွ်ံမႈေတြ ျဖစ္ပြားေနတဲ့အခ်ိန္မွာ ဆည္တမံေတြကို ခ်ဳိးေဖာက္တာေတြေၾကာင့္လည္း ေရၾကီးေရလွ်ံမႈ ပိုမိုျပင္းထန္သြားရတာမ်ဳိးေတြလည္း ရွိခဲ့ပါတယ္။ အခ်ဳိ႔ေဒသေတြမွာေတာ့ ေတာင္က်ေခ်ာင္းေရ က်ဆင္းမႈေၾကာင့္ ေရၾကီးတတ္ၾကပါတယ္။
ဒီေတာ့ ေရၾကီးေရလွ်ံမႈေတြကို ဘယ္လိုၾကိဳတင္ကာကြယ္ၾကမလဲ။ ဆိုေတာ့ ခင္ဗ်ားတို႔ သိတဲ့အတိုင္းပဲ။ လူတစ္ေယာက္ က်န္းမာေရးမေကာင္းရင္ က်န္းမာေရးေကာင္းေအာင္ လုပ္ေဆာင္ရတယ္ မဟုတ္လား။ က်န္းမာေရးေကာင္းေအာင္ လုပ္ေဆာင္ဖို႔ အဲဒီလူ ဘာေရာဂါျဖစ္ေနတာလဲ ဆိုတာ သိေအာင္လုပ္ရမယ္ေလ။ ေရာဂါသိျပီဆိုရင္လည္း အဲဒီေရာဂါကို တတ္ကၽြမ္းနားလည္သူနဲ႔ စနစ္တက် ကုသမွ ေပ်ာက္ကင္းႏုိင္မွာ ျဖစ္တယ္။ ေရာဂါကိုသိေပမယ့္လည္း စနစ္တက် မကုသဘဲ ေဆးျမီးတိုနဲ႔ပဲ ကုသ ေနရင္ ေပ်ာက္လိုက္၊ ျပန္ျဖစ္လိုက္နဲ႔ ေရာဂါအျမစ္ျပတ္ ေပ်ာက္ကင္းမွာ မဟုတ္ပါဘူး။ ေနာက္ဆံုးအဲဒီလူရဲ႔ အသက္အႏၱရာယ္ကိုပါ ထိခိုက္လာႏုိင္ပါတယ္။ အခု ကၽြန္ေတာ္တို႔ ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ ေရၾကီးေရလွ်ံမႈေတြကို သက္သာ ေအာင္ ေဆာင္ရြက္ခ်င္ရင္လည္း အဲဒီလိုပါပဲ။ ေရာဂါကို သိေအာင္လုပ္ျပီး တတ္ကၽြမ္းနားလည္သူနဲ႔ စနစ္တက် ကုသၾကရပါမယ္။
အခုျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ေရာဂါကေတာ့ ေရၾကီးေရလွ်ံမႈ ေရာဂါပဲ။ ဘာေၾကာင့္ ျဖစ္ရတာလဲဆိုတဲ့ အေၾကာင္းအရင္းေတြလည္း ကၽြန္ေတာ္ အထက္မွာ ေဖာ္ျပခဲ့ျပီးပါျပီ။ အဲဒီအေၾကာင္းအရင္းေတြကို ျပန္လည္ ေလ့လာျပီး အေရးၾကီးတဲ့ အေၾကာင္းအရင္း၊ လုပ္ေဆာင္လို႔ ျဖစ္ႏုိင္ေျခရွိတဲ့ အေၾကာင္းအရင္းေတြကို ေဆာင္ရြက္ဖို႔ လိုပါတယ္။ ဥပမာ- သစ္ေတာျပဳန္းတီးမႈနဲ႔ သယံဇာတအဆမတန္ ထုတ္ယူမႈ။ အဲဒီႏွစ္ခုဟာ ေရၾကီးေရလွ်ံမႈ ျဖစ္စဥ္မွာ ေတာ္ေတာ္ အေရးပါပါတယ္။ ဒါေၾကာင့္ သစ္ေတာျပဳန္းတီးမႈ ေလ်ာ့က် သက္သာ ေအာင္ လုပ္ရမယ္။ ေရေ၀ေရလဲ ေဒသေတြနဲ႔ ျမစ္၀ွမ္းေဒသေတြမွာ သစ္ေတာေတြ ျပန္လည္စိုက္ပ်ဳိးၾကရမယ္။ သယံဇာတ အဆမတန္ ထုတ္ယူမႈေတြကို ျပင္းျပင္းထန္ထန္ တားဆီးရမယ္။ မလိုက္နာသူေတြကို ထိထိ ေရာက္ေရာက္ အေရးယူေဆာင္ရြက္ရမယ္။ ျဖစ္ႏုိင္ရင္ သယံဇာတ ထုတ္ယူသူေတြကို သူတို႔ေၾကာင့္ ပ်က္စီး သြားတဲ့ သစ္ေတာေတြကို ျပန္လည္စိုက္ပ်ဳိးခိုင္းရမယ္။ သဘာ၀ ပတ္၀န္းက်င္ကို တတ္ႏုိင္သေလာက္ ျပန္ထိန္း ရမယ္။ ဒါေတြကို အစိုးရအေနနဲ႔ ေရရွည္စီမံကိန္းနဲ႔ ထိထိေရာက္ေရာက္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။
ေရၾကီးေရလွ်ံမႈေတြ ေလ်ာ့က်သက္သာေစဖို႔ ေရရွည္စီမံကိန္းေတြ ေဆာင္ရြက္ေနခ်ိန္မွာ ေရတိုစီမံကိန္း ေတြကိုလည္း တစ္ဆက္တည္း ေဆာင္ရြက္ဖို႔လိုပါတယ္။ ျမစ္ေၾကာင္းထိန္းသိမ္းေရးလုပ္ငန္းေတြကို စနစ္တက် နဲ႔ ထိထိေရာက္ေရာက္ ေဆာင္ရြက္ျခင္း၊ ျမိဳ႔ျပမွာရွိတဲ့ ေရေျမာင္းေတြ ေရစီးေရလာေကာင္းေအာင္ ေဆာင္ရြက္ ျခင္း၊ လယ္ယာေျမေတြမွာ ေရႏႈတ္ေျမာင္းေတြ၊ ေရတားတာေတြကို ေဆာင္ရြက္ျခင္း၊ ေရျမဳပ္ဒဏ္ခံ စပါးမ်ား စိုက္ပ်ဳိးျခင္း၊ ေရျမဳပ္လို႔ ပ်က္စီးခဲ့တဲ့လယ္ေတြကို ခ်က္ခ်င္းျပန္လည္ စိုက္ပ်ဳိးႏုိင္ေအာင္ ေဆာင္ရြက္ေပးျခင္း၊ မိုးေလ၀သဌာနက ထုတ္ျပန္တဲ့ သတင္းေတြကို ေအာက္ေျချပည္သူေတြဆီ ေရာက္ေအာင္ ေဆာင္ရြက္ေပးျခင္း၊ ေရေဘးၾကိဳတင္ကာကြယ္ေရး၊ ကယ္ဆယ္ေရး၊ ျပန္လည္ေနရာခ်ထားေရးအစီအမံေတြအတြက္ စနစ္တက် စီမံေဆာင္ရြက္ထားျခင္းေတြကို ၾကိဳၾကိဳတင္တင္ လုပ္ေဆာင္ထားဖို႔ လိုပါတယ္။ အဓိကကေတာ့ ေရေဘးျဖစ္မွ ေထာက္ပံ့ လွဴဒါန္းေနတာထက္စာရင္ ေရေဘးမျဖစ္ခင္ကတည္းက လုပ္ေဆာင္သင့္တဲ့ ၾကိဳတင္ကာကြယ္မႈ ေတြကို ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္မယ္ဆိုရင္ေတာ့ ျမန္မာျပည္သူေတြကို ေရေဘးအႏၱရာယ္ကေန ေလ်ာ့က်သက္သာေအာင္ လုပ္ေဆာင္ေပးႏုိင္မယ္လို႔ ယူဆမိပါတယ္။ ။
မင္းခ်စ္ႏုိင္
စံေတာ္ခ်ိန္ (၁၇.၇.၂၀၂၀)

About The Author

avatar
CMMD Environmental
Copy link
Powered by Social Snap