(Unicode) ကိုဗစ်-၁၉ ကို သတိထားပါ၊ သဘာဝဘေးအန္တရာယ်ကိုလည်း မမေ့ပါနဲ့

ကိုဗစ်-၁၉ ဟာ မတ်လ နောက်ဆုံးအပတ်ကတည်းက မြန်မာပြည်ကို ရောက်လာခဲ့တာပါ။ သူ မရောက် လာခင်ကတည်းက သူ့သတင်းတွေကို ကျွန်တော်တို့ ကြားနေရတယ်။ သူ့ကြောင့် ခံစားနေရတဲ့ ရောဂါဝေဒနာ ခံစားရသူတွေ၊ သူ့ကြောင့် သေဆုံးခဲ့ရသူတွေ၊ သူ့ကြောင့် အစာရေစာ ရှားပါးပြတ်လပ်ခဲ့ရသူတွေ၊ ငွေကြေးဆုံး ရှုံးခဲ့ရသူတွေ၊ လွတ်လပ်မှု ပျော်ရွှင်မှု ဆုံးရှုံးခဲ့ရသူတွေ စသဖြင့် သူ့သတင်းဟာ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းခဲ့တယ်။ သူဟာ အသက် ကြီးတယ်၊ ငယ်တယ် မရွေးဘူး၊ ဆင်းရဲချမ်းသာ မရွေးဘူး၊ ရာထူး အာဏာ အောင်မြင်ကျော်ကြားမှုတွေ ရှိတယ် မရှိတယ် မရွေးဘူး။ ဘာမှ မရွေးဘူး။ အားလုံးကို ဖျက်ဆီး ပစ်နိုင်တယ်။ ဒါကြောင့် သူ့ကို အားလုံးက သတိထားကြတယ်။ သတိထားရင်းမှာပဲ သေကြေပျက်စီးနေရတယ်။
မြန်မာပြည်မှာလည်း ကူးစက်မှုတွေ များလာတော့ သူ့ကို ဂရုစိုက်ကြပါတယ်။ သတိထားကြပါတယ်။ တော်ရုံတန်ရုံ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြတယ်။ နှာခေါင်းစည်းတပ်တယ်။ လက်ဆေးတယ်။ လူစု လူဝေးရှောင်တယ်။ အစိုးရကလည်း လူစုလူဝေးဖြစ်စေတဲ့ ကိစ္စရပ်တွေ ပိတ်သိမ်းတယ်။ လုပ်ငန်းတွေ၊ စား သောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ KTV ဆိုင်တွေ စသဖြင့် ရောဂါကူးစက်နိုင်ခြေရှိတဲ့ လုပ်ငန်းတွေ၊ သင်္ကြန်ပွဲတော်အပါအဝင် နှစ်စဉ် ဆင်နွှဲနေကျ မြန်မာ့အထင်ကရ ပွဲတော်တွေ၊ ဘုရားဖူးခွင့်၊ ခရီးသွားခွင့်တွေ စသဖြင့် စသဖြင့် အားလုံးကို ပိတ်သိမ်းခဲ့တယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ မြန်မာပြည်မှာ ရောဂါကူးစက် မှုတွေ မရှိသလောက်နည်းသွားတဲ့အပြင် ရောဂါသက်သာပျောက်ကင်းတဲ့သူတွေလည်း များလာတဲ့အတွက် အစိုးရက ဖြေလျော့မှုတွေ ပြုလုပ်ပေးခဲ့တယ်။ လုပ်ငန်းတွေကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်တွေနဲ့ ဖွင့်ခွင့်ပြုခဲ့တယ်။ သတ်မှတ်ချက်နဲ့ အညီဆိုပေမယ့် အရင်အတိုင်းပါပဲ။
အစက နှာခေါင်းစည်း တပ်၊ လက်ဆေးကြတဲ့ ပြည်သူတွေဟာ ဖြစ်သလို သွားလာ နေထိုင်ကြတယ်။ အဲဒီကာလမှာ ပြည်တော်ပြန် ရောဂါ ပိုးကူးစက်သူတွေ တွေ့လာရပေမယ့် အစိုးရအပါအဝင် ပြည်သူတွေက ပြည်တွင်းကူးစက်မှု မဟုတ်ဘူးဆိုပြီး သိပ်ဂရုမမူကြတော့ဘူး။ အလေးမထားတော့ဘူး။ အဲဒီအချိန်မှာပဲ ကိုဗစ်-၁၉ ရောဂါခံစားနေရသူနဲ့လည်း ထိတွေ့မှုမရှိ၊ နိုင်ငံခြား ခရီးသွား ရာဇဝင်လည်းမရှိတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာနေတဲ့ ဘဏ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါကို စတွေ့ခဲ့တယ်။ ပြည်သူတွေ နည်းနည်းတော့ ထိတ်လန့် သွားတဲ့သဘောတော့ ရှိတယ်။ ဒါပေမယ့်လည်း ရခိုင်မှာ ဖြစ်တာပါဆိုပြီး ပေါ့နေတဲ့သူတွေက ရှိနေသေးပြန် တယ်။ အခု ရခိုင်က ကိုဗစ်-၁၉ က ရန်ကုန်ကို ရောက်လာခဲ့ပြီ။ ဘယ်သူတွေ ကူးစက်ပြီး ဘာတွေ ဖြစ်ဦးမလဲ။ ဘယ်သူမှ ပြောလို့မရဘူး။ ရောဂါကူးစက်ခံရတာကို မသိဘဲ ပြည်သူတွေထဲ သွားလာနေတဲ့သူတွေ ဘယ်လောက်ရှိနေပြီလဲ။ တွေးကြည့်ရင် တကယ်ကြောက်စရာကောင်းပါတယ်။
လက်ရှိအချိန်ထိ ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၃ သန်းကျော်နဲ့ သေဆုံးသူ ၇၉၉,၀၀၀ ကျော်ရှိနေခဲ့ပါပြီ။ ကိုဗစ်-၁၉ ကြောင့် ၁၅ စက္ကန့်အတွင်းမှာ တစ်ယောက်နှုန်းသေဆုံးနေရတယ်လို့ ဆေးပညာ ရှှင်တွေက ပြောကြပါတယ်။ နိုင်ငံတိုင်းက ကိုဗစ်-၁၉ ကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပေမယ့် ဘယ်နိုင်ငံကမှ သေသေချာချာ မထိန်းချုပ်နိုင်သေးပါဘူး။ တစ်ကမ္ဘာလုံးက ညီညီညွတ်ညွတ်ရှိပြီး ကာကွယ်ဆေးတစ်ခု တွေ့ရှိ လာရင်တောင် ကိုဗစ်-၁၉ ကပ်ရောဂါဟာ နှစ်နှစ်အတွင်းမှာမှ ပြီးဆုံးနိုင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောထားပါ တယ်။ ဒီတော့ ကိုဗစ်-၁၉ ရောဂါ မပြီးသေးပါဘူး။ ဒုတိယလှိုင်းက အခုမှစတာပါ။ ဒီလှိုင်းရဲ့ ရိုက်ခတ်မှုကို ပြင်း ပြင်းထန်ထန် မခံရအောင် နိုင်ငံတော်အစိုးကလည်း အစိုးရတာဝန်ကျေ၊ ပြည်သူကလည်း ပြည်သူ့တာဝန်ကျေဖို့ လိုပါတယ်။ ဒါတွေအားလုံးဟာ လူသားတွေကြောင့်၊ လူသားတွေ ပေါ့လျော့မှုကြောင့် ဖြစ်ခဲ့ရတာကြောင့် လူသားတွေကပဲ ပြန်လည်တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ကြောက်လန့်နေကြချိန်မှာ သဘာဝဘေးအန္တရာယ်တွေဟာလည်း ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေခဲ့တာပါ။ တစ်ချို့နေရာတွေမှာ ရေကြီး၊ တစ်ချို့နေရာတွေမှာ တောမီးလောင်၊ တစ်ချို့နေရာတွေမှာ မုန်တိုင်းတိုက်၊ တစ်ချို့နေရာတွေမှာ ငလျင်လှုပ်၊ မြေပြို စသဖြင့် သဘာဝဘေးအန္တရာယ်တွေဟာ မရိုးနိုင်အောင် ဖြစ်ပွားနေခဲ့ပါတယ်။ နေအိမ် အဆောက်အအုံ တွေ ပျက်စီး၊ လူတွေ သေဆုံးနေခဲ့သလို အစိုးရတွေရဲ့ ဘဏ္ဍာငွေတွေလည်း ဆုံးရှုံးနေခဲ့ရပါတယ်။ ဒီလိုကိစ္စ တွေ ဖြစ်လာနိုင်တယ်။ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ဒီလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့လိုတယ်ဆိုတာကို ကမ္ဘာ့သိပ္ပပညာရှင်တွေဟာ ၁၉၈၀ ခုနှစ်လောက်ကတည်းက ပြောခဲ့ဆိုခဲ့၊ အသိပေးခဲ့ကြတာပါ။ ဒါပေမယ့် လူသားတွေ ပေါ့လျော့ခဲ့တယ်။ သတိမမူခဲ့ကြဘူး။ အထူးသဖြင့် နိုင်ငံအသီးသီးက အစိုးရအဖွဲ့တွေ တာဝန်မကျေခဲ့ဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုတိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို ထိထိရောက်ရောက် မလုပ်ခဲ့ကြဘူး။ လူမြင်ကောင်းအောင်၊ လူကြားကောင်းအောင် လုပ်ခဲ့ကြတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာရော ဘာထူးလို့လဲ။ ပညာရှင်တွေ ပြောခဲ့ ဆိုခဲ့၊ သတိပေးခဲ့တဲ့ကြားက ရာသီဥတုဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေကို တစ်နှစ်ထက် တစ်နှစ် ပိုမို ပြင်းပြင်း ထန်ထန်ခံစားနေရတယ်။ နာဂစ်မုန်တိုင်းကနေ အစပြုခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေက အခုထိ မရပ်တော့ ဘူး။ နှစ်စဉ် ရေကြီးတယ်။ မြေပြိုတယ်။ မိုးကြီးပြီး လေပြင်းတိုက်တယ်။ မြစ်ကမ်းပါးပြိုတယ်။ မိုးခေါင် ရေရှား တယ်။ လူသေဆုံးမှုတွေနဲ့အတူ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေ အများကြီးရင်ဆိုင်ခဲ့ရတယ်။ အစိုးရအဆက်ဆက် ဘာတွေ ပြောင်းလဲနိုင်ခဲ့လဲ။ ဘာတွေ ထိန်းသိမ်းနိုင်ခဲ့လဲ။ ဘာတွေ ပြုပြင်နိုင်ခဲ့လဲ။
အခုလည်း ရေကြီးနေတယ်။ မြေပြိုနေတယ်။ မြစ်ကမ်းပါးတွေ ပြိုနေတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်တွေ ရေလျှံပြီး ရေကြီးနေတယ်။ စစ်ကိုင်းတိုင်းမှာ မြို့ခြောက်မြို့ အိမ်ထောင်စု ၅၀၀ ရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ခဲ့ရတယ်။ မွန်ပြည်နယ်မှာလည်း ရေဘေး သင့်ခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရတယ်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာရော ဘာထူးလို့လည်း ပြည်သူတွေ ရေဘေးသင့်နေရတယ်။ ရေဘေးကြောင့် ထိခိုက်မှုတွေ အများကြီး ကြုံတွေ့နေရ တယ်။ ဒီရက်ပိုင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းကလည်း ဆက်ရှိနေတာ ကြောင့် မိုးကဆက်လက် ရွာနေတယ်။ မိုးဆက်ရွာနေတာကြောင့် ရေဆက်ကြီးဦးမယ်။ ကျွန်တော်တို့ ကိုဗစ်- ၁၉ ကို ကြောက်လန့်နေချိန်မှာ သူတို့တွေက သဘာဝဘေးအန္တရာယ်ကြားထဲမှာ အသက်အိုးအိမ်ဆုံးရှုံးမှာ ကြောက်နေကြရတယ်။
ကျွန်တော် ရေဘေးဒုက္ခသည် မဖြစ်ဘူး။ အစိုးရလည်း ရေဘေးဒုက္ခသည် မဖြစ်ဘူး။ ဒါပေမယ့် ရေဘေး ဒုက္ခသည်တွေကို ကျွန်တော် ကိုယ်ချင်းစာတယ်။ သူတို့တွေ ရေဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ဘယ်လို သက်သာစေနိုင်မလဲ စဉ်းစားတယ်။ အစိုးရလည်း စဉ်းစားစေချင်တယ်။ ကျွန်တော်က ဘာမှ လုပ်မပေး နိုင်ဘူး။ အစိုးရက လုပ်ပေးနိုင်တယ်။ အစိုးရမှာ ပညာရှင်တွေ၊ နည်းပညာတွေ၊ ငွေကြေးတွေ ရှိတယ်။ ထိထိ ရောက်ရောက်လုပ်ရင် အဆင်ပြေနိုင်မယ်လို့ မျှော်လင့်လို့ရတယ်။
ကျွန်တော် အဲဒါတွေ ပြောတော့ တစ်ချို့က ပြောကြတယ်။ မင်းဘယ်လောက်သိလို့လဲ။ ဘယ်လောက် တတ်လို့လဲ။ အစိုးရကိုပဲ အပြစ်ပြောမနေနဲ့လို့ ပြောကြမှာပဲ။ ပြောတာကိုလည်း ခံခဲ့ရဖူးပါတယ်။ အားလုံးသိစေ ချင်တာကတော့ ကျွန်တော် အစိုးရကို အပြစ်မပြောပါဘူး။ လုပ်သင့် လုပ်ထိုက်တာလေးတွေ မေ့နေမှာစိုးလို့ အသိပေးတာပါ။ သဘာဝဘေးအန္တရာယ်ကြားကလူတွေကလည်း မြန်မာပြည်သူတွေပါ။ သူတို့ ဘေးသင့်ရင် မြန်မာပြည်ဘေးသင့်တာပါပဲ။ သူတို့ ထိခိုက်ရင် မြန်မာပြည်ထိခိုက်တာပဲ။ အားလုံး ၀ိုင်းဝန်းအဖြေရှာ ဆောင် ရွက်သင့်ပါတယ်။ ရေဘာကြောင့်ကြီးတာလဲ။ ဘယ်နေရာတွေမှာ အများဆုံးဖြစ်နေလဲ။ ဒါကို လုံးဝ ပျောက် သွားအောင် မလုပ်နိုင်ရင်တောင် လျော့ကျ သက်သာအောင် လုပ်ကြရမယ်။ ရေတိုရေရှည်နည်းလမ်းမျိုးစုံနဲ့ လုပ်ရမယ်။ အဲဒီနည်းလမ်းတွေကို ကျွန်တော် မကြာခဏ ပြောနေလို့ မပြောတော့ပါဘူး။ အစိုးရက ပိုသိပါလိမ့် မယ်။
နောက်တစ်ခု ပြောချင်တာက ကျွန်တော်တို့က ရာသီဥတု ပြောင်းလဲမှုတွေ၊ သဘာဝဘေးအန္တရာယ် တွေကို လျော့ကျအောင် မဆောင်ရွက်နိုင်သေးခင်မှာ အဲဒါတွေနဲ့ လိုက်လျောညီထွေ နေနိုင်အောင်လည်း ကြိုး စားဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့ အစိုးရကိုချည်း အားကိုးနေလို့ မရပါဘူး။ အကူညီလာပေးမှာကိုပဲ မျှော် နေလို့မရပါဘူး။ ကိုယ့်ဒေသမှာ နှစ်စဉ်ရေကြီးနေတယ်။ ဘယ်လောက်အထိ ရေကြီးတတ်လဲ။ ဘာတွေ ဖြစ်တတ်လဲဆိုတာ ကိုယ်သာ အသိဆုံးပါ။ အဲဒါတွေကို မှတ်သားထားပြီး လှေတွေ အဆင်သင့်ပြင်ထားတာတို့၊ အိမ်တွေ မြှင့်ဆောက်တာတို့၊ အထုပ်အပိုးတွေ ထုပ်ပိုးထားတာတို့ ဒါမှမဟုတ်ရင် ဘယ်မှမပြောင်းရွှေ့ဘဲ ဘယ်လိုလုပ်လို့ရမလဲ၊ စသဖြင့် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ထားသင့်တယ်။ မတတ်နိုင်တာကိုတော့ အစိုးရက ကူညီပါလိမ့်မယ်။ အဓိကကတော့ ကပ်ရောဂါဘေးပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် အစိုးရ နဲ့ပြည်သူ လက်တွဲပြီးတိုက်ဖျက်ဖို့ပါပဲ။ လက်တလောမှာတော့ ကိုဗစ်-၁၉ ကို သတိထားပါ၊ သဘာဝဘေး အန္တရာယ်ကိုလည်း မမေ့ပါနဲ့ လို့ အသိပေးပြောလိုက်ချင်ပါတယ်။ ။
မင်းချစ်နိုင်

(Zawgyi)

ကိုဗစ္-၁၉ ကို သတိထားပါ၊ သဘာ၀ေဘးအႏၱရာယ္ကိုလည္း မေမ့ပါနဲ႔

ကိုဗစ္-၁၉ ဟာ မတ္လ ေနာက္ဆံုးအပတ္ကတည္းက ျမန္မာျပည္ကုိ ေရာက္လာခဲ့တာပါ။ သူ မေရာက္ လာခင္ကတည္းက သူ႔သတင္းေတြကို ကၽြန္ေတာ္တို႔ ၾကားေနရတယ္။ သူ႔ေၾကာင့္ ခံစားေနရတဲ့ ေရာဂါေ၀ဒနာ ခံစားရသူေတြ၊ သူ႔ေၾကာင့္ ေသဆံုးခဲ့ရသူေတြ၊ သူ႔ေၾကာင့္ အစာေရစာ ရွားပါးျပတ္လပ္ခဲ့ရသူေတြ၊ ေငြေၾကးဆံုး ရႈံးခဲ့ရသူေတြ၊ လြတ္လပ္မႈ ေပ်ာ္ရႊင္မႈ ဆံုးရႈံးခဲ့ရသူေတြ စသျဖင့္ သူ႔သတင္းဟာ ထိတ္လန္႔ တုန္လႈပ္ဖြယ္ရာ ေကာင္းခဲ့တယ္။ သူဟာ အသက္ ၾကီးတယ္၊ ငယ္တယ္ မေရြးဘူး၊ ဆင္းရဲခ်မ္းသာ မေရြးဘူး၊ ရာထူး အာဏာ ေအာင္ျမင္ေက်ာ္ၾကားမႈေတြ ရွိတယ္ မရွိတယ္ မေရြးဘူး။ ဘာမွ မေရြးဘူး။ အားလံုးကို ဖ်က္ဆီး ပစ္ႏုိင္တယ္။ ဒါေၾကာင့္ သူ႔ကို အားလံုးက သတိထားၾကတယ္။ သတိထားရင္းမွာပဲ ေသေၾကပ်က္စီးေနရတယ္။
ျမန္မာျပည္မွာလည္း ကူးစက္မႈေတြ မ်ားလာေတာ့ သူ႔ကို ဂရုစိုက္ၾကပါတယ္။ သတိထားၾကပါတယ္။ ေတာ္ရုံတန္ရုံ အျပင္မထြက္ဘဲ အိမ္ထဲမွာပဲ ေနၾကတယ္။ ႏွာေခါင္းစည္းတပ္တယ္။ လက္ေဆးတယ္။ လူစု လူေ၀းေရွာင္တယ္။ အစိုးရကလည္း လူစုလူေ၀းျဖစ္ေစတဲ့ ကိစၥရပ္ေတြ ပိတ္သိမ္းတယ္။ လုပ္ငန္းေတြ၊ စား ေသာက္ဆိုင္ေတြ၊ လက္ဖက္ရည္ဆိုင္ေတြ၊ KTV ဆိုင္ေတြ စသျဖင့္ ေရာဂါကူးစက္ႏုိင္ေျခရွိတဲ့ လုပ္ငန္းေတြ၊ သၾကၤန္ပြဲေတာ္အပါအ၀င္ ႏွစ္စဥ္ ဆင္ႏႊဲေနက် ျမန္မာ့အထင္ကရ ပြဲေတာ္ေတြ၊ ဘုရားဖူးခြင့္၊ ခရီးသြားခြင့္ေတြ စသျဖင့္ စသျဖင့္ အားလံုးကို ပိတ္သိမ္းခဲ့တယ္။ ဒါေပမယ့္ သိပ္မၾကာလိုက္ပါဘူး။ ျမန္မာျပည္မွာ ေရာဂါကူးစက္ မႈေတြ မရွိသေလာက္နည္းသြားတဲ့အျပင္ ေရာဂါသက္သာေပ်ာက္ကင္းတဲ့သူေတြလည္း မ်ားလာတဲ့အတြက္ အစိုးရက ေျဖေလ်ာ့မႈေတြ ျပဳလုပ္ေပးခဲ့တယ္။ လုပ္ငန္းေတြကို ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ စည္းကမ္းသတ္မွတ္ ခ်က္ေတြနဲ႔ ဖြင့္ခြင့္ျပဳခဲ့တယ္။ သတ္မွတ္ခ်က္နဲ႔ အညီဆိုေပမယ့္ အရင္အတိုင္းပါပဲ။
အစက ႏွာေခါင္းစည္း တပ္၊ လက္ေဆးၾကတဲ့ ျပည္သူေတြဟာ ျဖစ္သလို သြားလာ ေနထိုင္ၾကတယ္။ အဲဒီကာလမွာ ျပည္ေတာ္ျပန္ ေရာဂါ ပိုးကူးစက္သူေတြ ေတြ႔လာရေပမယ့္ အစိုးရအပါအ၀င္ ျပည္သူေတြက ျပည္တြင္းကူးစက္မႈ မဟုတ္ဘူးဆိုျပီး သိပ္ဂရုမမူၾကေတာ့ဘူး။ အေလးမထားေတာ့ဘူး။ အဲဒီအခ်ိန္မွာပဲ ကိုဗစ္-၁၉ ေရာဂါခံစားေနရသူနဲ႔လည္း ထိေတြ႔မႈမရွိ၊ ႏုိင္ငံျခား ခရီးသြား ရာဇ၀င္လည္းမရွိတဲ့ ရခိုင္ျပည္နယ္ စစ္ေတြျမိဳ႕ မွာေနတဲ့ ဘဏ္၀န္ထမ္းတစ္ဦးမွာ ကိုဗစ္-၁၉ ေရာဂါကို စေတြ႔ခဲ့တယ္။ ျပည္သူေတြ နည္းနည္းေတာ့ ထိတ္လန္႔ သြားတဲ့သေဘာေတာ့ ရွိတယ္။ ဒါေပမယ့္လည္း ရခိုင္မွာ ျဖစ္တာပါဆိုျပီး ေပါ႔ေနတဲ့သူေတြက ရွိေနေသးျပန္ တယ္။ အခု ရခိုင္က ကိုဗစ္-၁၉ က ရန္ကုန္ကို ေရာက္လာခဲ့ျပီ။ ဘယ္သူေတြ ကူးစက္ျပီး ဘာေတြ ျဖစ္ဦးမလဲ။ ဘယ္သူမွ ေျပာလို႔မရဘူး။ ေရာဂါကူးစက္ခံရတာကို မသိဘဲ ျပည္သူေတြထဲ သြားလာေနတဲ့သူေတြ ဘယ္ေလာက္ရွိေနျပီလဲ။ ေတြးၾကည့္ရင္ တကယ္ေၾကာက္စရာေကာင္းပါတယ္။
လက္ရွိအခ်ိန္ထိ ကမာၻမွာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားသူ ၂၃ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၇၉၉,၀၀၀ ေက်ာ္ရွိေနခဲ့ပါျပီ။ ကိုဗစ္-၁၉ ေၾကာင့္ ၁၅ စကၠန္႔အတြင္းမွာ တစ္ေယာက္ႏႈန္းေသဆံုးေနရတယ္လို႔ ေဆးပညာ ရွွင္ေတြက ေျပာၾကပါတယ္။ ႏုိင္ငံတိုင္းက ကိုဗစ္-၁၉ ကို ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားေနၾကေပမယ့္ ဘယ္ႏုိင္ငံကမွ ေသေသခ်ာခ်ာ မထိန္းခ်ဳပ္ႏုိင္ေသးပါဘူး။ တစ္ကမၻာလုံးက ညီညီညြတ္ညြတ္ရွိၿပီး ကာကြယ္ေဆးတစ္ခု ေတြ႔ရွိ လာရင္ေတာင္ ကိုဗစ္-၁၉ ကပ္ေရာဂါဟာ ႏွစ္ႏွစ္အတြင္းမွာမွ ၿပီးဆုံးနိုင္မယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕အစည္း (World Health Organization – WHO) ရဲ့ အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာထားပါ တယ္။ ဒီေတာ့ ကိုဗစ္-၁၉ ေရာဂါ မျပီးေသးပါဘူး။ ဒုတိယလိႈင္းက အခုမွစတာပါ။ ဒီလႈိင္းရဲ႕ ရုိက္ခတ္မႈကို ျပင္း ျပင္းထန္ထန္ မခံရေအာင္ ႏုိင္ငံေတာ္အစိုးကလည္း အစိုးရတာ၀န္ေက်၊ ျပည္သူကလည္း ျပည္သူ႔တာ၀န္ေက်ဖို႔ လိုပါတယ္။ ဒါေတြအားလံုးဟာ လူသားေတြေၾကာင့္၊ လူသားေတြ ေပါ႔ေလ်ာ့မႈေၾကာင့္ ျဖစ္ခဲ့ရတာေၾကာင့္ လူသားေတြကပဲ ျပန္လည္တိုက္ဖ်က္ၾကရမွာ ျဖစ္ပါတယ္။
ကိုဗစ္-၁၉ ကပ္ေရာဂါၾကီးကို ေၾကာက္လန္႔ေနၾကခ်ိန္မွာ သဘာ၀ေဘးအႏၱရာယ္ေတြဟာလည္း ဆက္တိုက္ ျဖစ္ေပၚေနခဲ့ပါတယ္။ ကမာၻတစ္၀န္းမွာ ျဖစ္ပ်က္ေနခဲ့တာပါ။ တစ္ခ်ဳိ႕ေနရာေတြမွာ ေရၾကီး၊ တစ္ခ်ဳိ႕ေနရာေတြမွာ ေတာမီးေလာင္၊ တစ္ခ်ဳိ႕ေနရာေတြမွာ မုန္တိုင္းတိုက္၊ တစ္ခ်ဳိ႕ေနရာေတြမွာ ငလ်င္လႈပ္၊ ေျမျပိဳ စသျဖင့္ သဘာ၀ေဘးအႏၱရာယ္ေတြဟာ မရုိးႏုိင္ေအာင္ ျဖစ္ပြားေနခဲ့ပါတယ္။ ေနအိမ္ အေဆာက္အအံု ေတြ ပ်က္စီး၊ လူေတြ ေသဆံုးေနခဲ့သလို အစိုးရေတြရဲ႕ ဘ႑ာေငြေတြလည္း ဆံုးရႈံးေနခဲ့ရပါတယ္။ ဒီလိုကိစၥ ေတြ ျဖစ္လာႏုိင္တယ္။ ကမာၻၾကီးပူေႏြးမႈနဲ႔ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ဒီလို သဘာ၀ေဘးအႏၱရာယ္ေတြ ျဖစ္လာႏုိင္တယ္။ ဒါေၾကာင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းဖို႔လိုတယ္ဆိုတာကို ကမာၻ႔သိပၸပညာရွင္ေတြဟာ ၁၉၈၀ ခုႏွစ္ေလာက္ကတည္းက ေျပာခဲ့ဆိုခဲ့၊ အသိေပးခဲ့ၾကတာပါ။ ဒါေပမယ့္ လူသားေတြ ေပါ႔ေလ်ာ့ခဲ့တယ္။ သတိမမူခဲ့ၾကဘူး။ အထူးသျဖင့္ ႏုိင္ငံအသီးသီးက အစိုးရအဖြဲ႔ေတြ တာ၀န္မေက်ခဲ့ဘူး။ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၊ ရာသီဥတုတိုက္ဖ်က္ေရး၊ သဘာ၀ေဘးအႏၱရာယ္ၾကိဳတင္ကာကြယ္ေရးကို ထိထိေရာက္ေရာက္ မလုပ္ခဲ့ၾကဘူး။ လူျမင္ေကာင္းေအာင္၊ လူၾကားေကာင္းေအာင္ လုပ္ခဲ့ၾကတယ္။
ကၽြန္ေတာ္တို႔ ျမန္မာျပည္မွာေရာ ဘာထူးလို႔လဲ။ ပညာရွင္ေတြ ေျပာခဲ့ ဆိုခဲ့၊ သတိေပးခဲ့တဲ့ၾကားက ရာသီဥတုေဖာက္ျပန္မႈရဲ႕ ေနာက္ဆက္တြဲ သဘာ၀ေဘးအႏၱရာယ္ေတြကို တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမို ျပင္းျပင္း ထန္ထန္ခံစားေနရတယ္။ နာဂစ္မုန္တိုင္းကေန အစျပဳခဲ့တဲ့ သဘာ၀ေဘးအႏၱရာယ္ေတြက အခုထိ မရပ္ေတာ့ ဘူး။ ႏွစ္စဥ္ ေရၾကီးတယ္။ ေျမျပိဳတယ္။ မိုးၾကီးျပီး ေလျပင္းတိုက္တယ္။ ျမစ္ကမ္းပါးျပိဳတယ္။ မိုးေခါင္ ေရရွား တယ္။ လူေသဆံုးမႈေတြနဲ႔အတူ ထိခိုက္ပ်က္စီး ဆံုးရႈံးမႈေတြ အမ်ားၾကီးရင္ဆိုင္ခဲ့ရတယ္။ အစိုးရအဆက္ဆက္ ဘာေတြ ေျပာင္းလဲႏုိင္ခဲ့လဲ။ ဘာေတြ ထိန္းသိမ္းႏုိင္ခဲ့လဲ။ ဘာေတြ ျပဳျပင္ႏုိင္ခဲ့လဲ။
အခုလည္း ေရၾကီးေနတယ္။ ေျမျပိဳေနတယ္။ ျမစ္ကမ္းပါးေတြ ျပိဳေနတယ္။ ဧရာ၀တီျမစ္၊ ခ်င္းတြင္းျမစ္၊ သံလြင္ျမစ္ေတြ ေရလွ်ံျပီး ေရၾကီးေနတယ္။ စစ္ကိုင္းတိုင္းမွာ ျမိဳ႕ေျခာက္ျမိဳ႕ အိမ္ေထာင္စု ၅၀၀ ေရေဘးေၾကာင့္ ေျပာင္းေရႊ႕ခဲ့ရတယ္။ ေရေဘးကယ္ဆယ္ေရးစခန္းေတြမွာ ေနထိုင္ခဲ့ရတယ္။ မြန္ျပည္နယ္မွာလည္း ေရေဘး သင့္ခဲ့တယ္။ လမ္းပန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ခဲ့ရတယ္။ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္ေတြမွာေရာ ဘာထူးလို႔လည္း ျပည္သူေတြ ေရေဘးသင့္ေနရတယ္။ ေရေဘးေၾကာင့္ ထိခိုက္မႈေတြ အမ်ားၾကီး ၾကံဳေတြ႔ေနရ တယ္။ ဒီရက္ပိုင္း ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းက ေလဖိအားနည္းရပ္၀န္းကလည္း ဆက္ရွိေနတာ ေၾကာင့္ မိုးကဆက္လက္ ရြာေနတယ္။ မိုးဆက္ရြာေနတာေၾကာင့္ ေရဆက္ၾကီးဦးမယ္။ ကၽြန္ေတာ္တု႔ိ ကိုဗစ္- ၁၉ ကို ေၾကာက္လန္႔ေနခ်ိန္မွာ သူတို႔ေတြက သဘာ၀ေဘးအႏၱရာယ္ၾကားထဲမွာ အသက္အိုးအိမ္ဆံုးရႈံးမွာ ေၾကာက္ေနၾကရတယ္။
ကၽြန္ေတာ္ ေရေဘးဒုကၡသည္ မျဖစ္ဘူး။ အစိုးရလည္း ေရေဘးဒုကၡသည္ မျဖစ္ဘူး။ ဒါေပမယ့္ ေရေဘး ဒုကၡသည္ေတြကို ကၽြန္ေတာ္ ကိုယ္ခ်င္းစာတယ္။ သူတို႔ေတြ ေရေဘးအႏၱရာယ္၊ သဘာ၀ေဘးအနၱရာယ္ ဘယ္လို သက္သာေစႏုိင္မလဲ စဥ္းစားတယ္။ အစိုးရလည္း စဥ္းစားေစခ်င္တယ္။ ကၽြန္ေတာ္က ဘာမွ လုပ္မေပး ႏုိင္ဘူး။ အစိုးရက လုပ္ေပးႏုိင္တယ္။ အစိုးရမွာ ပညာရွင္ေတြ၊ နည္းပညာေတြ၊ ေငြေၾကးေတြ ရွိတယ္။ ထိထိ ေရာက္ေရာက္လုပ္ရင္ အဆင္ေျပႏုိင္မယ္လို႔ ေမွ်ာ္လင့္လို႔ရတယ္။
ကၽြန္ေတာ္ အဲဒါေတြ ေျပာေတာ့ တစ္ခ်ဳိ႕က ေျပာၾကတယ္။ မင္းဘယ္ေလာက္သိလို႔လဲ။ ဘယ္ေလာက္ တတ္လို႔လဲ။ အစိုးရကိုပဲ အျပစ္ေျပာမေနနဲ႔လို႔ ေျပာၾကမွာပဲ။ ေျပာတာကိုလည္း ခံခဲ့ရဖူးပါတယ္။ အားလံုးသိေစ ခ်င္တာကေတာ့ ကၽြန္ေတာ္ အစိုးရကို အျပစ္မေျပာပါဘူး။ လုပ္သင့္ လုပ္ထိုက္တာေလးေတြ ေမ့ေနမွာစိုးလို႔ အသိေပးတာပါ။ သဘာ၀ေဘးအႏၱရာယ္ၾကားကလူေတြကလည္း ျမန္မာျပည္သူေတြပါ။ သူတို႔ ေဘးသင့္ရင္ ျမန္မာျပည္ေဘးသင့္တာပါပဲ။ သူတို႔ ထိခိုက္ရင္ ျမန္မာျပည္ထိခိုက္တာပဲ။ အားလံုး ၀ိုင္း၀န္းအေျဖရွာ ေဆာင္ ရြက္သင့္ပါတယ္။ ေရဘာေၾကာင့္ၾကီးတာလဲ။ ဘယ္ေနရာေတြမွာ အမ်ားဆံုးျဖစ္ေနလဲ။ ဒါကို လံုး၀ ေပ်ာက္ သြားေအာင္ မလုပ္ႏုိင္ရင္ေတာင္ ေလ်ာ့က် သက္သာေအာင္ လုပ္ၾကရမယ္။ ေရတိုေရရွည္နည္းလမ္းမ်ဳိးစံုနဲ႔ လုပ္ရမယ္။ အဲဒီနည္းလမ္းေတြကို ကၽြန္ေတာ္ မၾကာခဏ ေျပာေနလို႔ မေျပာေတာ့ပါဘူး။ အစိုးရက ပိုသိပါလိမ့္ မယ္။
ေနာက္တစ္ခု ေျပာခ်င္တာက ကၽြန္ေတာ္တို႔က ရာသီဥတု ေျပာင္းလဲမႈေတြ၊ သဘာ၀ေဘးအႏၱရာယ္ ေတြကို ေလ်ာ့က်ေအာင္ မေဆာင္ရြက္ႏုိင္ေသးခင္မွာ အဲဒါေတြနဲ႔ လိုက္ေလ်ာညီေထြ ေနႏုိင္ေအာင္လည္း ၾကိဳး စားဖို႔ လိုပါတယ္။ ျပည္သူေတြအေနနဲ႔ အစိုးရကိုခ်ည္း အားကိုးေနလို႔ မရပါဘူး။ အကူညီလာေပးမွာကိုပဲ ေမွ်ာ္ ေနလို႔မရပါဘူး။ ကိုယ့္ေဒသမွာ ႏွစ္စဥ္ေရၾကီးေနတယ္။ ဘယ္ေလာက္အထိ ေရၾကီးတတ္လဲ။ ဘာေတြ ျဖစ္တတ္လဲဆိုတာ ကိုယ္သာ အသိဆံုးပါ။ အဲဒါေတြကို မွတ္သားထားျပီး ေလွေတြ အဆင္သင့္ျပင္ထားတာတို႔၊ အိမ္ေတြ ျမွင့္ေဆာက္တာတို႔၊ အထုပ္အပိုးေတြ ထုပ္ပိုးထားတာတို႔ ဒါမွမဟုတ္ရင္ ဘယ္မွမေျပာင္းေရႊ႕ဘဲ ဘယ္လိုလုပ္လို႔ရမလဲ၊ စသျဖင့္ ကိုယ္တတ္ႏုိင္သေလာက္ ေဆာင္ရြက္ထားသင့္တယ္။ မတတ္ႏုိင္တာကိုေတာ့ အစိုးရက ကူညီပါလိမ့္မယ္။ အဓိကကေတာ့ ကပ္ေရာဂါေဘးပဲျဖစ္ျဖစ္၊ သဘာ၀ေဘးအႏၱရာယ္ပဲ ျဖစ္ျဖစ္ အစိုးရ နဲ႔ျပည္သူ လက္တြဲျပီးတိုက္ဖ်က္ဖို႔ပါပဲ။ လက္တေလာမွာေတာ့ ကိုဗစ္-၁၉ ကို သတိထားပါ၊ သဘာ၀ေဘး အႏၱရာယ္ကိုလည္း မေမ့ပါနဲ႔ လို႔ အသိေပးေျပာလိုက္ခ်င္ပါတယ္။ ။
မင္းခ်စ္ႏုိင္
7Day Daily 25.8.20

About The Author

avatar
CMMD Environmental
Copy link
Powered by Social Snap