(Unicode) ဧရာဝတီလင်းပိုင်လေးရဲ့ ရှင်သန်နေတဲ့အပြုံးကိုပဲ မြင်ခွင့်ရချင်တယ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့ဘွတ်ခ်ပေါ်မှာ ဧရာဝတီလင်းပိုင်လေးတွေ သေဆုံးတဲ့သတင်းတွေ၊ သတ်ခံနေရ တဲ့ သတင်းတွေ ဖတ်ခဲ့ရတယ်။ အဲဒါနဲ့ပတ်သတ်ပြီး မှတ်ချက်မျိုးစုံ၊ ရေးသားမှုမျိုးစုံကိုလည်း ဖတ်ရှုခဲ့ရတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေရော၊ သဘာဝ ပတ်ဝန်းကျင်နဲ့ မသက်ဆိုင်သူတွေကပါ ဧရာဝတီ လင်းပိုင်တွေနဲ့ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ခဲ့ကြတယ်။ ဝမ်းနည်းခဲ့ကြတယ်။ ဧရာဝတီ လင်းပိုင်တွေကို ကာ ကွယ်ဖို့၊ကယ်တင်ဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာလည်း သတင်းတွေ၊ ဆောင်း ပါးတွေ ရေးသား ဖော်ပြခဲ့ကြတယ်။ စာရေးသူလည်း အဲဒီသတင်းတွေ၊ ဆောင်းပါးတွေ၊ ဖေ့ဘွတ်ခ်ပေါ်မှာ တက် လာတဲ့ သေဆုံးနေတဲ့ ဧရာဝတီလင်းပိုင်လေးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရ တယ်။ အဲဒီရက်ပိုင်းမှာပဲ မိတ်ဆွေ ကဗျာဆရာတစ်ယောက်ကလည်း ဖေ့ဘွတ်ခ်ပေါ်မှာ ကဗျာလေးတစ်ပုဒ်ကို ရေးတင်ခဲ့တယ်။ အဲဒီကဗျာလေးကို ဖော်ပြချင်ပါတယ်။ ကဗျာနာမည်က “ရေမျောကမ်းတင်အပြုံး” တဲ့။ ရေးသူ က ကဗျာဆရာ စိုးနောင်(မုံရွာ)။
ရေမျောကမ်းတင်အပြုံး
=============
ဧရာဝတီအဖျားမှာ
ဆည်ဆောက်ထားတယ်
ဧရာဝတီအရင်းမှာ
လင်းပိုင်တွေ ဓာတ်လိုက်သေလို့။
ဧရာဝတီကို ချစ်မိလို့လား
ငါးဖြစ်ပြီး ငါးတွေဖမ်းကူမိလို့လား
ရော့ ရှော့တိုက်သေခြင်းတရား။
သေတာတောင်ပြုံးနေတတ်တဲ့
ပန်းဝင်စားတဲ့ ငါးလေးတွေရေ
မင်းတို့က အမှတ်ကိုမရှိဘူး
တံငါသည်တွေကို ငါးဖမ်းကူနေပြန်ပြီ။
ဧရာဝတီလင်းပိုင်ရဲ့ မျက်ရည်စက်တွေဟာ
ဧရာဝတီရဲ့ မျက်ရည်စက်တွေပါပဲ
ဧရာဝတီရဲ့ မျက်ရည်စက်တွေကို
ဧရာဝတီဟာ သယ်ဆောင်စီးဆင်းနေရပြီမို့
ဘင်္ဂလားပင်လယ်အော်မှာ
ပင်လယ်ရေဟာ နည်းနည်းခါးနေလိမ့်မယ်။ ။
စိုးနောင်(မုံရွာ)

အခုဆိုရင် ဧရာဝတီလင်းပိုင်လေးတွေရဲ့ မျက်ရည်တွေနဲ့ ပင်လယ်ရေတွေ ခါးနေပြီလားလို့ တွေးလိုက် မိတော့ ထိခိုက်ကြေကွဲရပါတယ်။ လူတစ်ချို့က ထင်ပါလိမ့်မယ်၊“ဘာမဟုတ်တဲ့ ငါးလေးတစ်ကောင်နဲ့ပတ်သက် ပြီး လူတွေက ဘာလို့ အဖြစ်သည်းနေကြတာလဲ။ ပိုလွန်းပါတယ်ကွာ”လို့။ ဟုတ်တယ်၊ ဧရာဝတီလင်းပိုင်ဆိုတာ ဧရာဝတီမြစ်ထဲက ငါးလေးတစ်ကောင်ပါ။ ဒါပေမယ့် ဘာမဟုတ်တဲ့ ငါးတော့ မဟုတ်ပါဘူး။ သူ့မှာ ထူးခြားတဲ့ ၀ိသေသတွေ အများကြီးရှိပါတယ်။ လူသားတွေဟာ သူ့ဆီက ရရှိတဲ့ တန်ဖိုးတွေလည်း အများကြီးရှိပါတယ်။ အဲဒီအကြောင်းကို စာရေးသူ ဖတ်ရှုလေ့လာမိသလောက် ပြောပြချင်ပါတယ်။ ပြီးမှ ဒီငါးလေးကို ကာကွယ် ထိန်း သိမ်းသင့်လား၊ မသင့်ဘူးလား။ အဖြစ်သည်းသင့်လား၊ မသင့်ဘူးလား၊ ဆုံးဖြတ်ကြပေါ့။
ကမ္ဘာပေါ်မှာ လင်းပိုင်မျိုးစိတ်တွေ အများကြီးရှိပါတယ်။ စာရှည်မှာစိုးလို့ အဲဒီအကြောင်းကို မပြောတော့ ပါဘူး။ ဧရာဝတီလင်းပိုင်အကြောင်းပဲ ပြောပါမယ်။ ဧရာဝတီလင်းပိုင်တွေကို ဧရာဝတီမြစ်ထဲမှာ စတွေ့ခဲ့တဲ့ အတွက် “ဧရာဝတီလင်းပိုင်”လို့ ခေါ်ခဲ့တာပါ။ ဧရာဝတီလင်းပိုင်ကို မြန်မာနိုင်ငံမှာ တွေ့ရတဲ့ မျိုးစိတ်သစ်တစ်ခု အနေနဲ့လည်း ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ကြပါတယ်။ ဧရာဝတီလင်းပိုင်ရဲ့ သိပ္ပံအမည်က Orcaella brevirostris တဲ့။ အဲဒီလင်းပိုင်တွေဟာ ကမ္ဘာပေါ်ရှိ ရေချိုလင်းပိုင်တွေထဲမှာမှ ရှားပါးမျိးနွယ်ဝင် မျိုးစိတ်တစ်ခုလည်း ဖြစ်ပါ တယ်။ တစ်ကမ္ဘာလုံးမှာ ဧရာဝတီမြစ်အပါအဝင် အာရှတိုက်နေရာ ရှစ်နေရာမှာပဲ တွေ့ရပါတယ်။
ဧရာဝတီလင်းပိုင်ကို မြစ်ဝက် (River Pig) လို့ ခေါ်တဲ့အကြောင်းကို ပျူလူမျိုးတွေနဲ့ ပတ်သက်တဲ့ သမိုင်းမှတ်တမ်းတွေမှာ တွေ့ရတဲ့အတွက် ဧရာဝတီလင်းပိုင်တွေဟာ ပျူလူမျိုးတွေ ရှိခဲ့တဲ့ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်တည်းက ဧရာဝတီမြစ်အတွင်းရှိနေခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဧရာဝတီလင်းပိုင်းတွေဟာ ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းရာ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတစ်ဝိုက်မှာ ကျက်စားကြတယ်လို့ သိရပါတယ်။ အဲဒီဧရာဝတီလင်းပိုင်တွေကိုပဲ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မဲခေါင်မြစ်အတွင်းမှာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့နေရာအဖြစ် ကမ္ဘာကျော်တာကတော့ သူ့ကို စတင် တွေ့ရှိရာ ဧရာဝတီမြစ်ပါပဲ။
နောက်ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် လင်းပိုင်နဲ့ လူတို့ ငါးဖမ်းတာကို လက်တွေ့ကြည့်ရှု နိုင်တာ ကမ္ဘာပေါ်မှာ ဧရာဝတီမြစ်တစ်စင်းပဲ ရှိပါတယ်။ အဲဒါကြောင့်ပဲ ကမ္ဘာ့လှည့် ခရီးသည်တွေဟာ ဧရာဝတီ လင်းပိုင်နဲ့ လူတွေ ငါးဖမ်းတာကို ကြည့်ဖို့ မြန်မာနိုင်ငံကို နှစ်စဉ် လာရောက်ကြပါတယ်။ စာရင်းတွေအရ ၂၀၁၆ ခုနှစ်မှာ ဧရာဝတီလင်းပိုင်တွေ အများဆုံးတွေ့ရတဲ့ မန္တလေးတိုင်းဒေသကြီးကို ခရီးသွားဧည့်သည် ၃၈၅၀၃၁ ယောက်ကျော် လာရောက်ခဲ့ပြီး ဧရာဝတီလင်းပိုင် ကြည့်ရှုခြင်းကနေ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅ သန်း ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါက ဧရာဝတီလင်းပိုင်လေးတွေကြောင့်ရတဲ့ ဝင်ငွေနော်။ ဧရာဝတီ လင်းပိုင် ကြည့်တဲ့ လုပ်ငန်းကြောင့် ဒေသခံတွေလည်း အဆင်ပြေကြတယ်။ စနစ်တကျလုပ်နိုင်ရင် လုပ်နိုင်သလောက် အဆင်ပြေကြဖို့ပဲ ရှိပါတယ်။
ဧရာဝတီလင်းပိုင်းတွေက အထက်မှာ ပြောခဲ့သလို နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက ဧရာဝတီမြစ်ထဲရှိခဲ့တာလေ။ သူက သာမန်ငါးတွေလို့ ရေကူးလိုက်၊ လင်ယူ သားမွေးလိုက်၊ အစာရှာစားလိုက် ချည်းပဲ လုပ်နေတာ မဟုတ်ဘူး။ တံငါသည်တွေနဲ့ အတူတူ ယှဉ်တွဲပြီး ငါးရှာတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေး ခဲ့တာပါ။ ဒါကြောင့်လည်း သူဟာ တံငါသည်တွေရဲ့ အချစ်တော် ဖြစ်ခဲ့တာပေါ့။ သူ့ပုံစံကို တစ်ချက်ကြည့်ပါဦး။ သူက ၁ ဒသမ ၂ မီတာကနေ ၂ ဒသမ ၇ မီတာအထိ အရပ်ရှည်တယ်။ အခြားရေချိုလင်းပိုင်တွေလို နှုတ်သီး ရိုးတံရှည်ရှည် မပါဘူး။ ဦးခေါင်းက လုံးလုံးဝန်းဝန်းလေး။ သူ့ကိုကြည့်ရင် အမြဲတမ်း ပြုံးပျော်နေသလိုပဲ။ ကျောပြင်နဲ့ နံဘေးက အပြာရောင် (သို့) မွဲပြာရောင် အသားအရည်နဲ့။ ဝမ်းဗိုက်ပိုင်း တစ်လျှောက်လုံးမှာတော့ အရောင်ဖျော့ပြီး အဖြူရောင်သန်းတယ်။ ရင်ပိုင်းမှာ လှော်တက်ပုံ ရေယက်နှစ်ခုရှိတယ်။ ကျောဘက်မှာလည်း ရေယက် တစ်ခုပါပြီး လုံးဝန်းတဲ့ပုံသဏ္ဍာန် ရှိပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ ၁၄ လကြာအောင် သန္ဓေဆောင်ပြီး တစ်ခါမွေးရင် တစ်ကောင်ပဲ မွေးတယ်။ များသောအားဖြင့် အုပ်စုလိုက် နေထိုင်ကြတယ်။ သူတို့ အစာရှာတဲ့အခါ အသံကို အရင်ပြုတယ်။ ပြီးရင် အဲဒီအသံလှိုင်းရဲ့ တုန့်ပြန်မှုကို အာရုံခံပြီး ငါး၊ ပုစွန်တွေကို ဖမ်းဆီးစားသုံးတယ်။ ရေငုပ်ရင် စက္ကန့် ၃ဝမှ ၆၀ ထိ ကြာတတ်ပြီး ကြောက်လန့်ရင်တော့ ၁၂ မိနစ်ခန့် ကြာအောင် ရေငုပ်နိုင်ကြသည်။ သူ့က အသက်အနှစ် (၃၀)ခန့်အထိ အသက်ရှင်နေထိုင်ကြပြီး သက်တမ်း(၇)နှစ်နဲ့ (၉)နှစ်အကြား မျိုးပွားဖို့ အရွယ်ရောက်ကြပါတယ်။ အခုတော့ သူတို့လေးတွေဟာ လောဘသားတွေကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြေပျက်စီးနေကြရ တယ်။ သူတို့ အသက်ကို သူတို့ မပိုင်တော့ဘူး။ သူတို့အနာဂတ်ကို သူတို့ မပိုင်တော့ဘူး။ ဒါပေမယ့် သူတို့ဟာ ပြုံးပြုံးလေးနဲ့ ဧရာဝတီမြစ်ထဲ ကူးခတ်ရင်း တံငါသည်တွေကို ကူညီနေကြတုန်းပဲ။ ကမ္ဘာလှည့်ခရီးသည်တွေကို ရေကူး ပြလိုက်၊ ငါးဖမ်းပြလိုက် လုပ်နေကြတုန်းပဲ။ လောဘသားတွေကြောင့် သေသွားခဲ့ရင်တောင် သူတို့အပြုံး တွေက သေမသွားခဲ့ဘူး။ ပြုံးပြုံးလေးပဲ။ ဒါပေမယ့် မျက်ရည်လေးတွေတော့ ဆို့လို့ပေါ့။
အဲဒီလို ငါးကလေးတွေလေ။ အဲဒီငါးလေးကို ဧရာဝတီမြစ်ထဲမှာ တွေ့လို့ ဧရာဝတီလင်းပိုင်လို့ ခေါ်ခဲ့တာ။ နောက်ပိုင်း သူ့ကို ဘယ်နေရာမှာတွေ့တွေ့ သူဟာ ဧရာဝတီလင်းပိုင်ပဲ။ သူဟာ ဧရာဝတီရဲ့သားပဲ၊ မြန်မာပြည် သားပဲ။ သူ့ကြောင့် မြန်မာပြည်အတွက် ဂုဏ်ယူစရာတွေ အများကြီးပဲ။ အခုအဲဒီ ငါးလေးအသက်ဘေးနဲ့ ရင်ဆိုင်နေရတယ်။ နိုင်ငံတော်အစိုးရနဲ့ မြန်မာပြည်သူတွေ အားလုံးက မကာကွယ်သင့်ဘူး။ မထိန်းသိမ်းသင့်ဘူး လား။ လက်ရှိမှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကာကွယ်ထိန်းသိမ်းမှုတွေ လုပ်နေပါတယ်။ အဲဒီကြားထဲက ဧရာဝတီလင်းပိုင်လေးတွေ ဓာတ်လိုက်သေနေရ တုန်းပဲ။ ဒီတော့ သူ့ကို ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းတွေကို ပိုမိုထိရောက်အောင် နည်းလမ်းအမျိုးနဲ့ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုထိန်းသိမ်းကာကွယ်ရမလဲဆိုတာတော့ ပညာရှင်တွေ အသိဆုံးဖြစ်ပါလိမ့် မယ်။ စာရေးသူရဲ့ဆန္ဒကတော့ ဧရာဝတီလင်းပိုင်လေးတွေရဲ့ မျက်ရည်ကြောင့် ဧရာဝတီမြစ်ရေကို မခါးစေချင် ဘူး။ ပင်လယ်ရေကို မခါးစေချင်ဘူး။ သူတို့ရဲ့ ရှင်သန်နေတဲ့ အပြုံးကိုပဲ အမြဲတမ်း မြင်ခွင့်ရချင်ပါတယ်။ ။
မင်းချစ်နိုင်

7Day Daily

(Zawgyi)

ဧရာ၀တီလင္းပိုင္ေလးရဲ႕ ရွင္သန္ေနတဲ့အျပံဳးကိုပဲ ျမင္ခြင့္ရခ်င္တယ္
ျပီးခဲ့တဲ့ရက္ပိုင္းက ေဖ့ဘြတ္ခ္ေပၚမွာ ဧရာ၀တီလင္းပိုင္ေလးေတြ ေသဆံုးတဲ့သတင္းေတြ၊ သတ္ခံေနရ တဲ့ သတင္းေတြ ဖတ္ခဲ့ရတယ္။ အဲဒါနဲ႔ပတ္သတ္ျပီး မွတ္ခ်က္မ်ဳိးစံု၊ ေရးသားမႈမ်ဳိးစံုကိုလည္း ဖတ္ရႈခဲ့ရတယ္။ သဘာ၀ ပတ္၀န္းက်င္ကို ခ်စ္ျမတ္ႏုိးသူေတြေရာ၊ သဘာ၀ ပတ္၀န္းက်င္နဲ႔ မသက္ဆိုင္သူေတြကပါ ဧရာ၀တီ လင္းပိုင္ေတြနဲ႔ပတ္သက္ျပီး စိတ္မေကာင္း ျဖစ္ခဲ့ၾကတယ္။ ၀မ္းနည္းခဲ့ၾကတယ္။ ဧရာ၀တီ လင္းပိုင္ေတြကို ကာ ကြယ္ဖို႔၊ကယ္တင္ဖို႔ လံႈ႔ေဆာ္မႈေတြ ျပဳလုပ္ခဲ့ၾကတယ္။ သတင္းစာ၊ ဂ်ာနယ္ေတြမွာလည္း သတင္းေတြ၊ ေဆာင္း ပါးေတြ ေရးသား ေဖာ္ျပခဲ့ၾကတယ္။ စာေရးသူလည္း အဲဒီသတင္းေတြ၊ ေဆာင္းပါးေတြ၊ ေဖ့ဘြတ္ခ္ေပၚမွာ တက္ လာတဲ့ ေသဆံုးေနတဲ့ ဧရာ၀တီလင္းပိုင္ေလးေတြရဲ႕ ဓာတ္ပံုေတြကို ၾကည့္ျပီး ေတာ္ေတာ္ စိတ္မေကာင္း ျဖစ္ခဲ့ရ တယ္။ အဲဒီရက္ပိုင္းမွာပဲ မိတ္ေဆြ ကဗ်ာဆရာတစ္ေယာက္ကလည္း ေဖ့ဘြတ္ခ္ေပၚမွာ ကဗ်ာေလးတစ္ပုဒ္ကို ေရးတင္ခဲ့တယ္။ အဲဒီကဗ်ာေလးကို ေဖာ္ျပခ်င္ပါတယ္။ ကဗ်ာနာမည္က “ေရေမ်ာကမ္းတင္အျပဳံး” တဲ့။ ေရးသူ က ကဗ်ာဆရာ စိုးေနာင္(မံုရြာ)။
ေရေမ်ာကမ္းတင္အျပဳံး
=============
ဧရာဝတီအဖ်ားမွာ
ဆည္ေဆာက္ထားတယ္
ဧရာဝတီအရင္းမွာ
လင္းပိုင္ေတြ ဓာတ္လိုက္ေသလို႔။
ဧရာဝတီကို ခ်စ္မိလို႔လား
ငါးျဖစ္ၿပီး ငါးေတြဖမ္းကူမိလို႔လား
ေရာ့ ေရွာ့တိုက္ေသျခင္းတရား။
ေသတာေတာင္ျပဳံးေနတတ္တဲ့
ပန္းဝင္စားတဲ့ ငါးေလးေတြေရ
မင္းတို႔က အမွတ္ကိုမရွိဘူး
တံငါသည္ေတြကို ငါးဖမ္းကူေနျပန္ၿပီ။
ဧရာဝတီလင္းပိုင္ရဲ့ မ်က္ရည္စက္ေတြဟာ
ဧရာဝတီရဲ့ မ်က္ရည္စက္ေတြပါပဲ
ဧရာဝတီရဲ့ မ်က္ရည္စက္ေတြကို
ဧရာဝတီဟာ သယ္ေဆာင္စီးဆင္းေနရၿပီမို႔
ဘဂၤလားပင္လယ္ေအာ္မွာ
ပင္လယ္ေရဟာ နည္းနည္းခါးေနလိမ့္မယ္။ ။
စိုးေနာင္(မုံရြာ)

အခုဆိုရင္ ဧရာ၀တီလင္းပိုင္ေလးေတြရဲ႕ မ်က္ရည္ေတြနဲ႔ ပင္လယ္ေရေတြ ခါးေနျပီလားလို႔ ေတြးလိုက္ မိေတာ့ ထိခိုက္ေၾကကြဲရပါတယ္။ လူတစ္ခ်ဳိ႕က ထင္ပါလိမ့္မယ္၊“ဘာမဟုတ္တဲ့ ငါးေလးတစ္ေကာင္နဲ႔ပတ္သက္ ျပီး လူေတြက ဘာလို႔ အျဖစ္သည္းေနၾကတာလဲ။ ပိုလြန္းပါတယ္ကြာ”လို႔။ ဟုတ္တယ္၊ ဧရာ၀တီလင္းပိုင္ဆိုတာ ဧရာ၀တီျမစ္ထဲက ငါးေလးတစ္ေကာင္ပါ။ ဒါေပမယ့္ ဘာမဟုတ္တဲ့ ငါးေတာ့ မဟုတ္ပါဘူး။ သူ႔မွာ ထူးျခားတဲ့ ၀ိေသသေတြ အမ်ားၾကီးရွိပါတယ္။ လူသားေတြဟာ သူ႔ဆီက ရရွိတဲ့ တန္ဖိုးေတြလည္း အမ်ားၾကီးရွိပါတယ္။ အဲဒီအေၾကာင္းကို စာေရးသူ ဖတ္ရႈေလ့လာမိသေလာက္ ေျပာျပခ်င္ပါတယ္။ ျပီးမွ ဒီငါးေလးကို ကာကြယ္ ထိန္း သိမ္းသင့္လား၊ မသင့္ဘူးလား။ အျဖစ္သည္းသင့္လား၊ မသင့္ဘူးလား၊ ဆံုးျဖတ္ၾကေပါ႔။
ကမာၻေပၚမွာ လင္းပိုင္မ်ဳိးစိတ္ေတြ အမ်ားၾကီးရွိပါတယ္။ စာရွည္မွာစိုးလို႔ အဲဒီအေၾကာင္းကို မေျပာေတာ့ ပါဘူး။ ဧရာ၀တီလင္းပိုင္အေၾကာင္းပဲ ေျပာပါမယ္။ ဧရာဝတီလင္းပိုင္ေတြကို ဧရာဝတီျမစ္ထဲမွာ စေတြ႔ခဲ့တဲ့ အတြက္ “ဧရာဝတီလင္းပိုင္”လို႔ ေခၚခဲ့တာပါ။ ဧရာ၀တီလင္းပိုင္ကို ျမန္မာနိုင္ငံမွာ ေတြ႔ရတဲ့ မ်ိဳးစိတ္သစ္တစ္ခု အေနနဲ႔လည္း ကမၻာတြင္ မွတ္တမ္းျပဳခဲ့ၾကပါတယ္။ ဧရာ၀တီလင္းပိုင္ရဲ႕ သိပၸံအမည္က Orcaella brevirostris တဲ့။ အဲဒီလင္းပိုင္ေတြဟာ ကမၻာေပၚရွိ ေရခ်ိဳလင္းပိုင္ေတြထဲမွာမွ ရွားပါးမ်ိးႏြယ္ဝင္ မ်ိဳးစိတ္တစ္ခုလည္း ျဖစ္ပါ တယ္။ တစ္ကမၻာလုံးမွာ ဧရာဝတီျမစ္အပါအဝင္ အာရွတိုက္ေနရာ ရွစ္ေနရာမွာပဲ ေတြ႔ရပါတယ္။
ဧရာ၀တီလင္းပိုင္ကို ျမစ္ဝက္ (River Pig) လို႔ ေခၚတဲ့အေၾကာင္းကို ပ်ဴလူမ်ိဳးေတြနဲ႔ ပတ္သက္တဲ့ သမိုင္းမွတ္တမ္းေတြမွာ ေတြ႔ရတဲ့အတြက္ ဧရာဝတီလင္းပိုင္ေတြဟာ ပ်ဴလူမ်ဳိးေတြ ရွိခဲ့တဲ့ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၁၀၀၀) ေက်ာ္တည္းက ဧရာဝတီျမစ္အတြင္းရွိေနခဲ့တယ္လို႔ ယူဆႏုိင္ပါတယ္။ ဧရာဝတီလင္းပိုင္းေတြဟာ ဧရာဝတီျမစ္ျဖတ္သန္းစီးဆင္းရာ ကခ်င္၊ စစ္ကိုင္းနဲ႔ မႏၲေလးတိုင္းေဒသႀကီးတစ္ဝိုက္မွာ က်က္စားၾကတယ္လို႔ သိရပါတယ္။ အဲဒီဧရာဝတီလင္းပိုင္ေတြကိုပဲ အိႏၵိယနိုင္ငံ၊ အင္ဒိုနီးရွား၊ ထိုင္းနဲ႔ မဲေခါင္ျမစ္အတြင္းမွာလည္း ေတြ႔ရပါတယ္။ ဒါေပမယ့္ ဧရာ၀တီလင္းပိုင္ေတြ က်က္စားတဲ့ေနရာအျဖစ္ ကမာၻေက်ာ္တာကေတာ့ သူ႔ကို စတင္ ေတြ႔ရွိရာ ဧရာ၀တီျမစ္ပါပဲ။
ေနာက္ျပီး သဘာဝအေျခခံခရီးသြားလုပ္ငန္းအျဖစ္ လင္းပိုင္နဲ႔ လူတို႔ ငါးဖမ္းတာကို လက္ေတြ႔ၾကည့္ရႈ ႏုိင္တာ ကမာၻေပၚမွာ ဧရာဝတီျမစ္တစ္စင္းပဲ ရွိပါတယ္။ အဲဒါေၾကာင့္ပဲ ကမာၻ႔လွည့္ ခရီးသည္ေတြဟာ ဧရာ၀တီ လင္းပိုင္နဲ႔ လူေတြ ငါးဖမ္းတာကို ၾကည့္ဖို႔ ျမန္မာႏုိင္ငံကို ႏွစ္စဥ္ လာေရာက္ၾကပါတယ္။ စာရင္းေတြအရ ၂၀၁၆ ခုနွစ္မွာ ဧရာဝတီလင္းပိုင္ေတြ အမ်ားဆုံးေတြ႔ရတဲ့ မႏၱေလးတိုင္းေဒသၾကီးကို ခရီးသြားဧည့္သည္ ၃၈၅၀၃၁ ေယာက္ေက်ာ္ လာေရာက္ခဲ့ျပီး ဧရာဝတီလင္းပိုင္ ၾကည့္ရႈျခင္းကေန အေမရိကန္ ေဒၚလာ ၁၀ ဒသမ ၅ သန္း ၀င္ေငြ ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါက ဧရာ၀တီလင္းပိုင္ေလးေတြေၾကာင့္ရတဲ့ ၀င္ေငြေနာ္။ ဧရာ၀တီ လင္းပိုင္ ၾကည့္တဲ့ လုပ္ငန္းေၾကာင့္ ေဒသခံေတြလည္း အဆင္ေျပၾကတယ္။ စနစ္တက်လုပ္ႏုိင္ရင္ လုပ္ႏုိင္သေလာက္ အဆင္ေျပၾကဖို႔ပဲ ရွိပါတယ္။
ဧရာ၀တီလင္းပိုင္းေတြက အထက္မွာ ေျပာခဲ့သလို ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ေလာက္ကတည္းက ဧရာ၀တီျမစ္ထဲရွိခဲ့တာေလ။ သူက သာမန္ငါးေတြလို႔ ေရကူးလုိက္၊ လင္ယူ သားေမြးလိုက္၊ အစာရွာစားလိုက္ ခ်ည္းပဲ လုပ္ေနတာ မဟုတ္ဘူး။ တံငါသည္ေတြနဲ႔ အတူတူ ယွဥ္တြဲျပီး ငါးရွာတဲ့ လုပ္ငန္းေတြကိုလည္း လုပ္ေပး ခဲ့တာပါ။ ဒါေၾကာင့္လည္း သူဟာ တံငါသည္ေတြရဲ႕ အခ်စ္ေတာ္ ျဖစ္ခဲ့တာေပါ႔။ သူ႔ပံုစံကို တစ္ခ်က္ၾကည့္ပါဦး။ သူက ၁ ဒသမ ၂ မီတာကေန ၂ ဒသမ ၇ မီတာအထိ အရပ္ရွည္တယ္။ အျခားေရခ်ိဳလင္းပိုင္ေတြလို ႏႈတ္သီး ရိုးတံရွည္ရွည္ မပါဘူး။ ဦးေခါင္းက လုံးလုံးဝန္းဝန္းေလး။ သူ႔ကိုၾကည့္ရင္ အျမဲတမ္း ျပံဳးေပ်ာ္ေနသလိုပဲ။ ေက်ာျပင္နဲ႔ နံေဘးက အျပာေရာင္ (သို႔) မြဲျပာေရာင္ အသားအရည္နဲ႔။ ဝမ္းဗိုက္ပိုင္း တစ္ေလၽွာက္လုံးမွာေတာ့ အေရာင္ေဖ်ာ့ျပီး အျဖဴေရာင္သန္းတယ္။ ရင္ပိုင္းမွာ ေလွာ္တက္ပုံ ေရယက္ႏွစ္ခုရွိတယ္။ ေက်ာဘက္မွာလည္း ေရယက္ တစ္ခုပါျပီး လုံးဝန္းတဲ့ပံုသ႑ာန္ ရွိပါတယ္။
ဧရာဝတီလင္းပိုင္ေတြဟာ ၁၄ လၾကာေအာင္ သေႏၶေဆာင္ၿပီး တစ္ခါေမြးရင္ တစ္ေကာင္ပဲ ေမြးတယ္။ မ်ားေသာအားျဖင့္ အုပ္စုလိုက္ ေနထိုင္ၾကတယ္။ သူတို႔ အစာရွာတဲ့အခါ အသံကို အရင္ျပဳတယ္။ ျပီးရင္ အဲဒီအသံလွိုင္းရဲ႕ တုန္႔ျပန္မႈကို အာ႐ုံခံျပီး ငါး၊ ပုစြန္ေတြကို ဖမ္းဆီးစားသုံးတယ္။ ေရငုပ္ရင္ စကၠန္႔ ၃၀မွ ၆၀ ထိ ၾကာတတ္ၿပီး ေၾကာက္လန္႔ရင္ေတာ့ ၁၂ မိနစ္ခန္႔ ၾကာေအာင္ ေရငုပ္နိုင္ၾကသည္။ သူ႔က အသက္အႏွစ္ (၃၀)ခန္႔အထိ အသက္ရွင္ေနထိုင္ၾကၿပီး သက္တမ္း(၇)ႏွစ္နဲ႔ (၉)ႏွစ္အၾကား မ်ိဳးပြားဖို႔ အရြယ္ေရာက္ၾကပါတယ္။ အခုေတာ့ သူတို႔ေလးေတြဟာ ေလာဘသားေတြေၾကာင့္ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ေသေၾကပ်က္စီးေနၾကရ တယ္။ သူတို႔ အသက္ကို သူတို႔ မပိုင္ေတာ့ဘူး။ သူတို႔အနာဂတ္ကို သူတို႔ မပိုင္ေတာ့ဘူး။ ဒါေပမယ့္ သူတို႔ဟာ ျပံဳးျပံဳးေလးနဲ႔ ဧရာ၀တီျမစ္ထဲ ကူးခတ္ရင္း တံငါသည္ေတြကို ကူညီေနၾကတုန္းပဲ။ ကမာၻလွည့္ခရီးသည္ေတြကို ေရကူး ျပလိုက္၊ ငါးဖမ္းျပလိုက္ လုပ္ေနၾကတုန္းပဲ။ ေလာဘသားေတြေၾကာင့္ ေသသြားခဲ့ရင္ေတာင္ သူတို႔အျပံဳး ေတြက ေသမသြားခဲ့ဘူး။ ျပံဳးျပံဳးေလးပဲ။ ဒါေပမယ့္ မ်က္ရည္ေလးေတြေတာ့ ဆို႔လို႔ေပါ႔။
အဲဒီလို ငါးကေလးေတြေလ။ အဲဒီငါးေလးကို ဧရာ၀တီျမစ္ထဲမွာ ေတြ႔လို႔ ဧရာ၀တီလင္းပိုင္လို႔ ေခၚခဲ့တာ။ ေနာက္ပိုင္း သူ႔ကို ဘယ္ေနရာမွာေတြ႔ေတြ႔ သူဟာ ဧရာ၀တီလင္းပိုင္ပဲ။ သူဟာ ဧရာ၀တီရဲ႕သားပဲ၊ ျမန္မာျပည္ သားပဲ။ သူ႔ေၾကာင့္ ျမန္မာျပည္အတြက္ ဂုဏ္ယူစရာေတြ အမ်ားၾကီးပဲ။ အခုအဲဒီ ငါးေလးအသက္ေဘးနဲ႔ ရင္ဆိုင္ေနရတယ္။ ႏုိင္ငံေတာ္အစိုးရနဲ႔ ျမန္မာျပည္သူေတြ အားလံုးက မကာကြယ္သင့္ဘူး။ မထိန္းသိမ္းသင့္ဘူး လား။ လက္ရွိမွာလည္း သက္ဆိုင္ရာ အာဏာပိုင္ေတြနဲ႔ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖြဲ႔ေတြက ကာကြယ္ထိန္းသိမ္းမႈေတြ လုပ္ေနပါတယ္။ အဲဒီၾကားထဲက ဧရာ၀တီလင္းပိုင္ေလးေတြ ဓာတ္လိုက္ေသေနရ တုန္းပဲ။ ဒီေတာ့ သူ႔ကို ကာကြယ္ထိန္းသိမ္းမႈ လုပ္ငန္းေတြကို ပိုမိုထိေရာက္ေအာင္ နည္းလမ္းအမ်ဳိးနဲ႔ ေဆာင္ရြက္ဖို႔ လိုပါလိမ့္မယ္။ ဘယ္လိုထိန္းသိမ္းကာကြယ္ရမလဲဆိုတာေတာ့ ပညာရွင္ေတြ အသိဆံုးျဖစ္ပါလိမ့္ မယ္။ စာေရးသူရဲ႕ဆႏၵကေတာ့ ဧရာ၀တီလင္းပိုင္ေလးေတြရဲ႕ မ်က္ရည္ေၾကာင့္ ဧရာ၀တီျမစ္ေရကို မခါးေစခ်င္ ဘူး။ ပင္လယ္ေရကို မခါးေစခ်င္ဘူး။ သူတို႔ရဲ႕ ရွင္သန္ေနတဲ့ အျပံဳးကိုပဲ အျမဲတမ္း ျမင္ခြင့္ရခ်င္ပါတယ္။ ။
မင္းခ်စ္ႏုိင္

7Day Daily

About The Author

avatar
CMMD Environmental
Copy link
Powered by Social Snap