(Unicode) ဧရာဝတီလင်းပိုင်လေးရဲ့ ရှင်သန်နေတဲ့အပြုံးကိုပဲ မြင်ခွင့်ရချင်တယ်
ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့ဘွတ်ခ်ပေါ်မှာ ဧရာဝတီလင်းပိုင်လေးတွေ သေဆုံးတဲ့သတင်းတွေ၊ သတ်ခံနေရ တဲ့ သတင်းတွေ ဖတ်ခဲ့ရတယ်။ အဲဒါနဲ့ပတ်သတ်ပြီး မှတ်ချက်မျိုးစုံ၊ ရေးသားမှုမျိုးစုံကိုလည်း ဖတ်ရှုခဲ့ရတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေရော၊ သဘာဝ ပတ်ဝန်းကျင်နဲ့ မသက်ဆိုင်သူတွေကပါ ဧရာဝတီ လင်းပိုင်တွေနဲ့ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ခဲ့ကြတယ်။ ဝမ်းနည်းခဲ့ကြတယ်။ ဧရာဝတီ လင်းပိုင်တွေကို ကာ ကွယ်ဖို့၊ကယ်တင်ဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာလည်း သတင်းတွေ၊ ဆောင်း ပါးတွေ ရေးသား ဖော်ပြခဲ့ကြတယ်။ စာရေးသူလည်း အဲဒီသတင်းတွေ၊ ဆောင်းပါးတွေ၊ ဖေ့ဘွတ်ခ်ပေါ်မှာ တက် လာတဲ့ သေဆုံးနေတဲ့ ဧရာဝတီလင်းပိုင်လေးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရ တယ်။ အဲဒီရက်ပိုင်းမှာပဲ မိတ်ဆွေ ကဗျာဆရာတစ်ယောက်ကလည်း ဖေ့ဘွတ်ခ်ပေါ်မှာ ကဗျာလေးတစ်ပုဒ်ကို […]
Recent Comments