Biodiversity (Defination)


<unicode ဖြင့်ဖတ်ရန်>

ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကုန်းမြေနှင့်ရေထုအတွင်း ဂေဟစနစ်များ၊ နေရင်းဒေသများတွင် သဘာ၀ အလျောက် ပေါက်ဖွား မျိုးဆက်ပြန့်ပွားကာ တည်ရှိနေကြသော သဘာဝအပင်များနှင့် တောရိုင်းတိစ္ဆာန်များ အပါအဝင် ပုံသဏ္ဍာန်အမျိုးမျိုး ကွဲပြားလျက်ရှိသည့် သက်ရှိအဖွဲ့အစည်း ဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများ လိုက်လျောညီစွာ ဖွဲ့တည်မှုစနစ်တွင် သက်ရှိဇီဝမျိုးကွဲများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလှသည်။ ဇီဝမျိုးစုံမျိုးကွဲများတွင်ပါဝင်သည့် အချို့သက်ရှိများသည် လေထု အရည်အသွေးကို တိုးတက်စေခြင်း၊ ဥတုရာသီကို ပြောင်းလဲစေခြင်း၊ ရေသန့်စင်ပေးခြင်း၊ ရောဂါများကို ထိန်းချုပ်ခြင်း၊ ဇီဝနည်းဖြင့် ပိုးမွှားများကိုထိန်းချုပ်ခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့် ရေ၊ လေ တိုက်စားခြင်းကို ကာကွယ်ခြင်း အစရှိသည့် အကျိုးပြု လုပ်ဆောင်မှုများကို လုပ်ဆောင်ပေးသည်။

<zawgyi ဖြင့်ဖတ်ရန်>



Copy link
Powered by Social Snap