(Unicode) ဧရာဝတီလင်းပိုင်လေးရဲ့ ရှင်သန်နေတဲ့အပြုံးကိုပဲ မြင်ခွင့်ရချင်တယ်
ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့ဘွတ်ခ်ပေါ်မှာ ဧရာဝတီလင်းပိုင်လေးတွေ သေဆုံးတဲ့သတင်းတွေ၊ သတ်ခံနေရ တဲ့ သတင်းတွေ ဖတ်ခဲ့ရတယ်။ အဲဒါနဲ့ပတ်သတ်ပြီး မှတ်ချက်မျိုးစုံ၊ ရေးသားမှုမျိုးစုံကိုလည်း ဖတ်ရှုခဲ့ရတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေရော၊ သဘာဝ ပတ်ဝန်းကျင်နဲ့ မသက်ဆိုင်သူတွေကပါ ဧရာဝတီ လင်းပိုင်တွေနဲ့ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ခဲ့ကြတယ်။ ဝမ်းနည်းခဲ့ကြတယ်။ ဧရာဝတီ လင်းပိုင်တွေကို ကာ ကွယ်ဖို့၊ကယ်တင်ဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာလည်း သတင်းတွေ၊ ဆောင်း ပါးတွေ ရေးသား ဖော်ပြခဲ့ကြတယ်။ စာရေးသူလည်း အဲဒီသတင်းတွေ၊ ဆောင်းပါးတွေ၊ ဖေ့ဘွတ်ခ်ပေါ်မှာ တက် လာတဲ့ သေဆုံးနေတဲ့ ဧရာဝတီလင်းပိုင်လေးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရ တယ်။ အဲဒီရက်ပိုင်းမှာပဲ မိတ်ဆွေ ကဗျာဆရာတစ်ယောက်ကလည်း ဖေ့ဘွတ်ခ်ပေါ်မှာ ကဗျာလေးတစ်ပုဒ်ကို […]
(Unicode) Kalahari ကန္တာရမှခြင်္သေ့များ
ဒီခြင်္သေ့မျိုးစိတ်က African lion ရဲ့ မျိုးစိတ်ခွဲဖြစ်ပြီး သိပ္ပံနာမည် Panthera leo melanochaita လို့ခေါ်ပါတယ်။ အများခေါ်ကြတဲ့နာမည်ကတော့ Kalahari ဒေသမှာ တွေ့ရှိရတာကြောင့် Kalahari lionလို့ခေါ်ပါတယ်။ အထီးတွေကတော့ ခန့်ညားတဲ့ ပိုမိုမည်းနက်တဲ့ အနက်ရောင် လည်ဆံမွေး Darker Manes တွေရှိကြတယ်လို့လူပြောများကြတယ်လို့ဆိုပါတယ်။ Kalahari ဒေသမှာ သားကောင်တွေက ကျယ်ကျယ်ပြန့်ပြန့်ခွဲပြီး နေထိုင်ကြတာကြောင့် ခြင်္သေ့တွေကလည်း အစာရှာဖို့အတွက် တစ်ကောင်တည်းသော်လည်းကောင်း အကောင်ရေနည်းတဲ့ အုပ်စုနဲ့သော်လည်းကောင်း နေထိုင်ကြပါတယ်။ Kalahari ဒေသမှာတော့ သားကောင်ရှားတာကြောင့် တစ်ကောင်တည်းမဟုတ်ရင် အထီး၊ အမ နှစ်ကောင်တွဲကနေ အများဆုံး ခြောက်ကောင်လောက်ထိသာ အုပ်စုဖွဲ့ကြပါတယ်။ သူတို့က ဝေးဝေးလံလံသွားလာပြီး သားကောင်ရှာကြရတာကြောင့် တခြားဒေသက ခြင်္သေ့တွေထက် ပိုပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ် ရှည်လျားတဲ့ ခြေတံလက်တံတွေရှိကြပါတယ် […]
(Zawgyi) တောင်ပေါ်ဒေသရဲ့ ဂေဟစနစ်များ (ရုပ်သံမှတ်တမ်း)
အင်းလေးကန် ရေဝေရေလဲဒေသအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို မြဝတီရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ထားပါသည်။ အင်းလေးကန်ထဲသို့ စီးဝင်လာနေသည့် မြစ်ချောင်း ၂၉ ခု (အမြဲစီး မြစ်ချောင်း ၄ ခုနှင့် ချောင်းချောက် ၂၅ ခု) တို့မှတဆင့် အင်းလေးကန်အတွင်း နုံးမြေများ ဝင်ရောက်ပို့ချလာမှုကို ကာကွယ်တားဆီးရန်အတွက် သစ်တောဦးစီးဌာနမှ နုံးတားတမံများ တည်ဆောက်ပေးခြင်း၊ မြေပြိုတိုက်စားမှုများမှ ကာကွယ်တားဆီးရန် အတွက် မြေထိန်းပင်နှင့် အခြားသစ်ပင်များဖြစ်ကြသည့် ဗက်တီဗာမြက်များ၊ နာနတ်ရိုင်းပင်များ၊ ဝါးပင်များ၊ အခြားနှစ်ရှည်ပင်များ စသည်တို့ကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကလောမြို့ကို ထင်းရှူးမြို့တော်ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ထင်းရှူးပင်စိုက်ခင်းများကို ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို ရေရှည်စီမံကိန်းချ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြထားပါသည်။ (Unicode) တောင်ပေါ်ဒေသရဲ့ ဂေဟစနစ်များ (ရုပ်သံမှတ်တမ်း) အင်းလေးကန် […]
(Zawgyi) သားငှက်တိရစ္ဆာန်များအတွက် မြန်မာ့တာဝန်
ပြီးခဲ့သည့် နိုဝင်ဘာက ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ပြုလုပ်သည့် သားငှက်တိရစ္ဆာန်ကုန်သွယ်မှုကို အ သားပေးဆွေးနွေးသည့် ဟနွိုင်း ကွန်ဖရင့်၌ ကမ္ဘာ့နိုင်ငံအသီးသီးက ဒေါ်လာ ဘီလီယံနှင့်ချီ ကျယ်ပြန့်နေသည့် သားငှက် တိရစ္ဆာန်တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအ တွက် နိုင်ငံအလိုက် အဓိကထားဖြေရှင်းရမည်ကို နိုင်ငံပေါင်းစုံက အကောင်အထည်ဖော်လုပ်ဆောင် ရန် ကတိကဝတ်ပြုခဲ့ကြသည်။ ဟနွိုင်းကွန်ဖရင့်မှ ဆွေးနွေး ချက်များကို အတည်ပြုလက်ခံခဲ့ သည့် နိုင်ငံများတွင် မြန်မာနိုင်ငံ လည်း ပါဝင်သည်။ တဖြည်းဖြည်း ကြီးထွားလာနေသည့် သားငှက် တိရစ္ဆာန်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို လုပ်ဆောင် မည်ဖြစ်သည်။ သားငှက်တိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ဟနွိုင်း ကြေညာစာတမ်းအရ မြန်မာနိုင်ငံ တွင် သားငှက်တိရစ္ဆာန် အဓိက ကုန်သွယ်ရာ လမ်းကြောင်းဖြစ် သည့် မန္တလေး-မူဆယ်လမ်းမကြီး တစ်လျှောက် သားငှက် […]
(Zawgyi ) ဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် သယံဇာတတွေ ဆုံးရှုံးနေရဦးမှာလား
ရေရှည်မတည်မြဲနိုင်တဲ့ မြေအသုံးချမှုတွေ၊ စနစ်တကျစီမံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုမရှိတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံး ပျောက်ကွယ်လျက်ရှိတယ်လို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတစ်ဦးက နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေရဲ့ ဇီဝမျိုးစုံ မျိုးကွဲအခြေအနေနဲ့ ထိန်းသိမ်းရေး မဟာဗျူဟာဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ဖူးတယ်။ သူပြောတာ အမှန်တရားတွေပါပဲ။ မြန်မာ ပြည်မှာလုပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း တော်တော်များများဟာ စနစ်တကျ စီမံခန့်ခွဲမှု မရှိသလို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မှုလည်း မရှိပါဘူး။ စီမံကိန်းလုပ်တဲ့ နေရာတိုင်းမှာ စီမံကိန်းကို အကြောင်းပြပြီး သစ်တော တွေ အပြောင်ရှင်း ထုတ်လုပ်နေသလို သစ်တောကို မှီတင်းနေထိုင်ကြတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေကိုလည်း နည်း မျိုးစုံနဲ့ […]
(Zawgyi ဖြင့် ဖတ်ရန်) မူရင်းနေထိုင်ရာဒေသများ မှ မိုင်ထောင်ချီကွာဝေးသည့်နေရာများသို့ နှစ်စဉ်ပျံသန်းသွားလာ နေသည့် ရွှေ့ပြောင်းငှက်များအဖို့ လမ်းခရီးတွင်ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ အစာရေစာရှားပါးခြင်းတို့အပြင် ခြိမ်းခြောက်မှု အသစ်တစ်ခုနှင့်ပါ ရင်ဆိုင်လာရသည်။ ယင်းမှာ ပလတ်စတစ်ညစ် ညမ်းမှုအန္တရာယ်ဖြစ်ပြီး တောရိုင်း တိရစ္ဆာန်များအထူးသဖြင့် ရွှေ့ ပြောင်းငှက်များအပေါ် သက် ရောက်နေကာ ကမ္ဘာတွင်လည်း တိုးမြင့်လာသည့် ပြဿနာတစ် ရပ်ဖြစ်သည်။ နေ့စဉ်လူတို့အသုံးပြုပြီး စွန့် ပစ်သည့် ပလတ်စတစ်ထုတ် ကုန်ပစ္စည်းများသည် ရေလမ်း ကြောင်းများအတိုင်း ပင်လယ် ထဲရောက်ရှိကာ ရေသတ္တဝါများ၊ ရေငှက်များကို အလွန်ဆိုးရွား သည့် ဘေးအန္တရာယ်များပေးနေ သည့်အတွက် ယခုနှစ် ကမ္ဘာ့ရွှေ့ ပြောင်းငှက်များနေ့ ဆောင်ပုဒ်ကို ပင် ‘ငှက်များကာကွယ်ဖို့၊ ပ လတ်စတစ် ညစ်ညမ်းမှုဖြေရှင်း စို့’ ‘Protect Birds: Be […]
မျိုးသုဉ်းပျောက်ကွယ်မှုအန္တာရာယ်နှင့် ရင်ဆိုင်နေရသော ရေနေသတ္တဝါများ
မြန်မာ့ရေအောက်ကမ္ဘာထဲမှာရှိတဲ့ မျိုးသုဉ်းပျောက်ကွယ်မှု အန္တာရာယ်နှင့် ရင်ဆိုင်နေရသော ရေနေသတ္တဝါများအနက်မှ… မြင်ရတွေ့ရခဲပြီး ရှားပါးသော ရေနေသတ္တဝါတွေနဲ့ ၄င်းတို့ ရင်ဆိုင်နေရသော အန္တာရာယ်များ၊ ဖြေရှင်းရန် နည်းလမ်းများကို ဒီ Episode လေးမှာ မျှဝေပေးထားပါတယ်… ဗီဒီယိုဖိုင် အဟောင်းလေးပါပဲ..၊ ဒါပေမယ့်… ရေနေသတ္တ၀ါတွေအတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်နေလို့၊ စိတ်ဝင်စားတဲ့သူတွေ လေ့လာလို့ရအောင် ပြန်လည်မျှဝေေ ပေးခြင်းဖြစ်ပါတယ်။
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ (သို့မဟုတ်) မြန်မာ့ရေအောက်ကမ္ဘာ
~~~ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ (သို့မဟုတ်) မြန်မာ့ရေအောက်ကမ္ဘာ ~~~ ဒီ Short Presentation Video လေးဟာ… မြန်မာ့ပင်လယ်ပြင်နဲ့ ပတ်သတ်ပြီး ကျွန်တော် Editing လုပ်ခဲ့သမျှ Video တွေအားလုံးထဲမှာ Edit လုပ်ရင်း စိတ်ထိခိုက်ခဲ့ရတဲ့ Video တစ်ခု ဖြစ်ပါတယ်… နိုင်ငံတော်အဆင့် အကြီးအကဲတွေကို တင်ပြရမယ့် Video ဖြစ်တာမို့ သေသေချာချာ အသေးစိတ်ကြိုးစား ဖန်တီးခဲ့ပါတယ်… လိုရင်းတိုရှင်းနဲ့ ထိထိရောက်ရောက်တင်ပြနိုင်အောင်လည်း ပြင်ဆင်ခဲ့ရပါတယ်… Video လေးက တိုတိုလေးဖြစ်တာကြောင့် ကျးဇူးပြုပြီး အဆုံးအထိကြည့်ပေးပါ… ပြီးရင် ဒီ Video လေးကို ထပ်ဆင့် မျှဝေပေးဖို့လည်း မေတ္တာရပ်ခံပါတယ်… ဒီလိုမျှဝေခြင်းဟာ… ကျွန်တော်တို့ ချစ်သောပင်လယ်… ကျွန်တော်တို့ ချစ်သောနိုင်ငံအတွက်… မိမိတို့ စွမ်းသလောက် ပါဝင်ကူညီစောင့်ရှောက်ကာကွယ်ကြခြင်း […]
မျောက်လွှဲကျော်များ၏ နေထိုင်ပုံ အလေ့အထနှင့် သုတေသနလုပ်ငန်းအကြောင်း သိကောင်းစရာများ
ဤဗီဒီယိုဖိုင်သည် မျောက်လွှဲကျော်များ၏ နေထိုင်ပုံ အလေ့အထနှင့် သုတေသနလုပ်ငန်း လုပ်ဆောင်ပုံ အဆင့်ဆင့်များကို ဗဟုသုတရစေရန် ရည်ရွယ်၍ တင်ဆက်ထားခြင်းဖြစ်ပါသည်။ ဤဗီဒီယိုထဲတွင် • မျောက်လွှဲကျော်များ၏ သွင်ပြင် လက္ခဏာများ၊ • သုတေသနလုပ်ငန်း လုပ်ဆောင်သည့် နေရာဒေသ၏ အချက်အလက်များ၊ • သုတေသနလုပ်ငန်း မလုပ်ဆောင်မီ ပြင်ဆင်ရမည့် အချက်များ၊ • သုတေသနလုပ်ငန်း လုပ်ဆောင်ပုံအဆင့်ဆင့်နှင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ • သုတေသနလုပ်ငန်း တွက်ချက်ပုံများ၊ • မျောက်လွှဲကျော်များတွင် ကြုံတွေ့နေရသည့် ခြိမ်ခြောက်မှုများနှင့် • သုတေသနလုပ်ဆောင်စဉ်က ကြုံတွေ့ရသည့် အခက်အခဲများ စသည်တို့ကို ပြည့်ပြည့်စုံစုံ တင်ဆက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဘေးမဲ့တောတစ်ခု ကျန်းမာခြင်း၏ စံညွှန်းဖြစ်သည့် မျောက်လွှဲကျော်များကို မျိုးမသုဉ်းမီ အချိန်မီ ထိန်းသိမ်းကာကွယ်ကြပါစို့။
ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များနှင့် စီမံကိန်းပုဂ္ဂိုလ်များအတွက် ဇီဝမျိုးကွဲစုံလင်မှုဆိုင်ရာနည်းစနစ်များ
ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များနှင့် စီမံကိန်းပုဂ္ဂိုလ်များအတွက် ဇီဝမျိုးကွဲစုံလင်မှုဆိုင်ရာနည်းစနစ်များ လက်စွဲစာအုပ်ကို အောက်ပါလင့်တွင် ၀င်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။