(Unicode) ဧရာဝတီလင်းပိုင်လေးရဲ့ ရှင်သန်နေတဲ့အပြုံးကိုပဲ မြင်ခွင့်ရချင်တယ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဖေ့ဘွတ်ခ်ပေါ်မှာ ဧရာဝတီလင်းပိုင်လေးတွေ သေဆုံးတဲ့သတင်းတွေ၊ သတ်ခံနေရ တဲ့ သတင်းတွေ ဖတ်ခဲ့ရတယ်။ အဲဒါနဲ့ပတ်သတ်ပြီး မှတ်ချက်မျိုးစုံ၊ ရေးသားမှုမျိုးစုံကိုလည်း ဖတ်ရှုခဲ့ရတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေရော၊ သဘာဝ ပတ်ဝန်းကျင်နဲ့ မသက်ဆိုင်သူတွေကပါ ဧရာဝတီ လင်းပိုင်တွေနဲ့ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ခဲ့ကြတယ်။ ဝမ်းနည်းခဲ့ကြတယ်။ ဧရာဝတီ လင်းပိုင်တွေကို ကာ ကွယ်ဖို့၊ကယ်တင်ဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာလည်း သတင်းတွေ၊ ဆောင်း ပါးတွေ ရေးသား ဖော်ပြခဲ့ကြတယ်။ စာရေးသူလည်း အဲဒီသတင်းတွေ၊ ဆောင်းပါးတွေ၊ ဖေ့ဘွတ်ခ်ပေါ်မှာ တက် လာတဲ့ သေဆုံးနေတဲ့ ဧရာဝတီလင်းပိုင်လေးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရ တယ်။ အဲဒီရက်ပိုင်းမှာပဲ မိတ်ဆွေ ကဗျာဆရာတစ်ယောက်ကလည်း ဖေ့ဘွတ်ခ်ပေါ်မှာ ကဗျာလေးတစ်ပုဒ်ကို […]

(Unicode) ကိုဗစ်-၁၉ ကို သတိထားပါ၊ သဘာဝဘေးအန္တရာယ်ကိုလည်း မမေ့ပါနဲ့

ကိုဗစ်-၁၉ ဟာ မတ်လ နောက်ဆုံးအပတ်ကတည်းက မြန်မာပြည်ကို ရောက်လာခဲ့တာပါ။ သူ မရောက် လာခင်ကတည်းက သူ့သတင်းတွေကို ကျွန်တော်တို့ ကြားနေရတယ်။ သူ့ကြောင့် ခံစားနေရတဲ့ ရောဂါဝေဒနာ ခံစားရသူတွေ၊ သူ့ကြောင့် သေဆုံးခဲ့ရသူတွေ၊ သူ့ကြောင့် အစာရေစာ ရှားပါးပြတ်လပ်ခဲ့ရသူတွေ၊ ငွေကြေးဆုံး ရှုံးခဲ့ရသူတွေ၊ လွတ်လပ်မှု ပျော်ရွှင်မှု ဆုံးရှုံးခဲ့ရသူတွေ စသဖြင့် သူ့သတင်းဟာ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းခဲ့တယ်။ သူဟာ အသက် ကြီးတယ်၊ ငယ်တယ် မရွေးဘူး၊ ဆင်းရဲချမ်းသာ မရွေးဘူး၊ ရာထူး အာဏာ အောင်မြင်ကျော်ကြားမှုတွေ ရှိတယ် မရှိတယ် မရွေးဘူး။ ဘာမှ မရွေးဘူး။ အားလုံးကို ဖျက်ဆီး ပစ်နိုင်တယ်။ ဒါကြောင့် သူ့ကို အားလုံးက သတိထားကြတယ်။ သတိထားရင်းမှာပဲ သေကြေပျက်စီးနေရတယ်။ […]

(Unicode) လူငယ်နှင့် သဘာဝပတ်ဝန်းကျင်

ရေကြီး ရေလျှံမှု လျော့ကျသက်သာအောင် လက်တလော မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဘယ်အချိန် ကာလတွေမှာ ရေကြီးရေလျှံဖြစ်တတ်သလဲ။ ဘာကြောင့် ရေကြီး ရေလျှံဖြစ်ရတာလဲ။ ဘယ်လို ကြိုတင် ကာကွယ်သင့်လဲ ဆိုတာတွေကို ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံဟာ မြစ်၊ ချောင်းတွေ ကွန်ရက်တစ်ခုလို ယှက်ဖြာစီးဆင်းနေတဲ့အတွက် တစ်နိုင်ငံလုံးမှာ ရေကြီးနိုင်ခြေရှိတယ်လို့ ယေဘုယျအားဖြင့် မှတ်သားထားနိုင်ပါတယ်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ် တောင်ပိုင်း မှာ ဒီရေတက်ချိန်နဲ့ မြစ်ရေစီးဆင်းမှု မြင့်မားချိန်တွေ တိုက်ဆိုင်နေရင် ရေကြီးမှုဖြစ်ပွားတတ်ပါတယ်။ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ကယား၊ ကရင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာရင် လျှပ်တပြတ် ရေကြီး တတ်ပါတယ်။ ဒါဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောပါ။ အရင်ကာလတွေကတော့ ရေကြီးရေလျှံမှု ဖြစ်တယ် […]

(Unicode) ရေကြီး ရေလျှံမှု လျော့ကျသက်သာအောင်

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးများပြီး ဧရာဝတီနဲ့ချင်းတွင်းမြစ်ရေ မြင့်တက် လာမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုရက်ပိုင်းမှာလည်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရှိတဲ့ ဥရုချောင်းရေမြင့်တက်လာလို့ ဖားကန့်မြို့ထဲ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပြီး မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ တတိယ ၁၀ ရက်ပတ် မိုးလေဝသ ခန့်မှန်းချက်မှာလည်း ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ မြို့ ၂၆ မြို့နယ်တွင် လက်ရှိ ရေမှတ်များထက် အနည်းဆုံး နှစ်ပေကနေ အများဆုံး ငါးပေအထိ မြင့်တက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်တွေအရ ရေကြီးရေလျှံမှုတွေဟာ ဆက်လက် ဖြစ်ပေါ်လာမယ့်အခြေအနေမှာ ရှိပါတယ်။ ဒီလိုရေကြီးရေလျှံမှုတွေဟာ မြန်မာနိုင်ငံမှာ အခုမှ ကောက်ခါငင်ခါ ထဖြစ်တာ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာ နှစ်စဉ်နီးပါး ဖြစ်နေခဲ့တာပါ။ […]

(Unicode) လူငယ်နှင့် သဘာဝပတ်ဝန်းကျင် သတိပြုကာကွယ်ရမည့် မြေပြိုမှု

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု သတင်းတွေကို ဟိုတစ်စ ဒီတစ်စ ကြား လာရပါတယ်။ အထူးသဖြင့် ဖားကန့်ဒေသရှိ ဝှေခါကျေးရွာအနီး စွန့်ပစ်မြေစာပုံ ပြိုကျမှုကတော့ ထိတ်လန့် တုန်လှုပ် ဝမ်းနည်းစရာအကောင်းဆုံး မြေပြိုမှု ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်။ မြေပြိုမှုကြောင့် လူ ၂၀၀ လောက် မြေအောက်ရောက်သွားတယ်။ ဇွန် ၄ ရက် ညပိုင်းအထိ ရုပ်အလောင်း ၁၇၄ လောင်းကို ရှာဖွေ တွေ့ရှိထားပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားခဲ့ရတယ်။ ရှာဖွေမှုတွေလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်စဉ်မှာ လူ ၂၀၀ လောက် အသက်ဆုံးရှုံးရမယ့် အနေအထားပါပဲ။ ဒါဟာ ဖားကန့်ဒေသ မှာ နှစ်စဉ်ဖြစ်ပွားနေတဲ့ ပြဿနာတစ်ခု ဖြစ်ပြီး အဖြေရှိပေမယ့် ဒီနေ့အထိ […]

(Unicode) အခုလိုအဖြစ်ဆိုးမျိုး ဖားကန့်ဒေသမှာ ထပ်မကြုံစေချင်

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါမှော်မှာ ပေတစ်ထောင်ကျော်မြင့်တဲ့ မြေစာပုံကြီးတစ်ခု ဇူလိုင် ၂ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က ပြိုကျခဲ့တယ်တဲ့။ စာရေးသူတို့ ဘယ်သူမှ မသိလိုက်ကြဘူး။ မြေစာပုံပြိုကြတဲ့ အထဲ ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ လောက် ပါသွားတယ်ဆိုပြီး လူမှုကွန်ရက် ဖေ့ဘုတ်ခ်ပေါ် တက်လာမှ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ကြရတယ်။ ပြိုကျသွားတဲ့ မြေစာပုံ အောက်ကနေ အသက်မဲ့နေသူတွေ၊ အသက်ရှိပေမယ့် ဒဏ်ရာရသူတွေ၊ အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ဖြစ်နေ သူတွေ တစ်ယောက်ပြီး တစ်ယောက်ကို ရှာဖွေကယ်ထုတ်နေတဲ့သတင်းတွေ ဖတ်ရတယ်။ ပထမရက်က ည ၉ နာရီကျော်အထိ ရုပ်အလောင်း ၁၆၂ လောင်းနဲ့ ဒဏ်ရာရသူ ၈၀ နီးပါးကို ရှာဖွေကယ်ထုတ်နိုင်ခဲ့တယ်။ ဒုတိယနေ့ […]

(Unicode) လူငယ်နှင့် သဘာဝပတ်ဝန်းကျင်

ဖောင်စီးရင်း ရေမငတ်ရအောင် သဘာဝပတ်ဝန်းကျင်ဆိုတဲ့ အဓိပ္ပာယ်ကို အထက်မှာ ပြောခဲ့ပြီးပါပြီ။ အဲဒီမှာမှ ရေထု၊ မြေထု၊ လေထု တွေဟာ ကျွန်တော်တို့ ကမ္ဘာကြီးအတွက်၊ လူသားတွေအတွက် မရှိမဖြစ် အလိုအပ်ဆုံးအရာတွေပါပဲ။ အရင်ဆုံး ရေထုအကြောင်း ပြောပြချင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ရေထုဟာ ကုန်းမြေထက် ပိုမိုကြီးမား ကျယ်ပြန့်တယ်။ ဒါကြောင့် ကမ္ဘာဟာ နေအဖွဲ့အစည်းထဲမှာ တစ်ခြားဂြိုဟ်တွေနဲ့ မတူဘဲ ဂြိုဟ်ပြာလေးတစ်ခုလို တည်ရှိနေခဲ့တာပါ။ ကမ္ဘာပေါ်မှာ ရေပမာဏသန်းပေါင်း ကုဗမီတာ ၁၄ဝဝ ရှိတယ်လို့ သိရပါတယ်။ ရေထုလို့ ဆိုလိုက်ရင် ပမာဏအများဆုံး ပါဝင်တာကတော့ ပင်လယ်သမုဒ္ဒရာတွေပါပဲ။ နောက်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်နဲ့ မြေ အောက်ရေတွေလည်း ပါဝင်ပါတယ်။ အဲဒီမှာမှ ရေချို ၂ ဒသမ […]

(Unicode) လူငယ်နှင့် သဘာဝပတ်ဝန်းကျင်

ဘာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရတာလဲ သဘာဝ ပတ်ဝန်းကျင်အကြောင်း ပြောမယ်ဆိုတော့ ပထမဦးဆုံး သဘာဝ ပတ်ဝန်းကျင်ဆိုတာ ဘာလဲ ဆိုတာကို သိဖို့လိုပါလိမ့်မယ်။ ရိုးရိုးလေး ပြောမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုတာ သက်ရှိအားလုံး အသက် ရှင်သန်မှုအတွက် အထောက်အပံ့ပေးနေတဲ့ သက်ရှိသက်မဲ့ အရာအားလုံးပါပဲ။ ထပ်ပြီး အသေးစိတ်မယ်ဆိုရင် မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတွေ၊ တရိစ္ဆာန်နဲ့ အပင်အမျိုးမျိုး၊ သမိုင်းဆိုင်ရာတွေ၊ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ ပသာဒ အလှအပဆိုင်ရာတွေလို့ ဆိုနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထဲမှာ သက်ရှိဇီဝအဖွဲ့အစည်းတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုရင်း အသက် ရှင်သန်နေကြရတယ်။ အပင်နဲ့မှိုတွေ၊ ပိုးမွှား တိရစ္ဆာန်တွေနဲ့ အခြားသက်ရှိတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုနေသလို ရေထု၊ လေထု၊ မြေထု၊ […]

(Unicode) ကိုဗစ်-၁၉ ကာလအတွင်း ပြန်လည်ကောင်းမွန်လာတဲ့ သဘာဝပတ်ဝန်းကျင်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ အခုဆိုရင် တစ်ကမ္ဘာလုံးနီးပါးသို့ ပျံ့နှံ့ရောက်ရှိနေခဲ့ပါပြီ။ အဲဒီကပ်ရောဂါဟာ လူပေါင်းများစွာရဲ့ အသက်တွေကို နှုတ်ယူခဲ့ပြီး တစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်။ တစ်နေ့တစ်နေ့ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး စိုးရိမ်ကြောက်လန့် စိတ်တွေနဲ့ နေထိုင်ရင်း ပျော်ရွှင်ကြည်နူးစရာ အချိန်တွေ ပျောက်ဆုံးခဲ့ရတယ်။ တစ်ယောက် နဲ့တစ်ယောက် ဆက်ဆံရေးတွေ အေးစက်မာကြောလို့ သံသယစိတ်တွေ လွှမ်းမိုးလာခဲ့တယ်။ အလကားရတဲ့ လေကိုတောင် ဝဝလင်လင် မရှူရဲတဲ့ ဘဝတွေဟာ ဘယ်ကို သွားသွား နှာခေါင်းနဲ့ ပါးစပ်ကို Mask နဲ့အုပ်ထားရ တယ်။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးနေရတယ်။ Hand Gel ကို သုံးသူကလည်း သုံးပေါ့။ အသွားအလာ […]

(Unicode) မြန်မာပြည်အတွက် အထူးသတိထားရမယ့် မုန်တိုင်းအန္တရာယ်

တကယ်တမ်းပြောရရင် မုန်တိုင်းဆိုတာ မြန်မာပြည်သူတွေနဲ့ စိမ်းတဲ့အရာတစ်ခုတော့ မဟုတ် ပါဘူး။ ဒါပေမယ့် ဟိုးအရင်က မုန်တိုင်းဖြစ်ပြီဆိုရင် မုန်တိုင်းတွေဟာ ရခိုင်ကို ဝင်ရင်ဝင်၊ မဝင်ရင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်နေကျဖြစ်တဲ့အပြင် မြန်မာပြည်မှာ တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေဟာ ပျက်စီးဆုံးရှုံးမှု အလွန်အကျွံ မဖြစ်ခဲ့တာကြောင့် မုန်တိုင်းကို ဘယ်သူကမှ ကြောက်စရာကောင်းတဲ့ အရာလို့ မထင်ခဲ့ကြဘူး။ အဲဒီအချိန်မှာပဲ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်ကို ဝင်ရောက် ရမ်းကားခဲ့တဲ့ အတွက် လူပေါင်း တစ်သိန်းခွဲနီးပါး သေဆုံးမှုနဲ့အတူ ဘဝပေါင်းများစွာ၊ နေအိမ်၊ အဆောက်အအုံ ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေများစွာ ဆုံးရှုံးနစ်နာခဲ့ရတယ်။ အဲဒီတော့မှ ပြည်သူတွေဟာ မုန်တိုင်းကို သတိထားရကောင်းမှန်း သိလာကြတယ်။ မုန်တိုင်းဆိုတာကို ကြောက် တတ်လာခဲ့ကြတယ်။ မိုးဦးလေဦးရောက်လို့ မိုးကလေးတစ်အုံ့အုံ့၊ […]