(Unicode) ကိုဗစ်-၁၉ ကို သတိထားပါ၊ သဘာဝဘေးအန္တရာယ်ကိုလည်း မမေ့ပါနဲ့
ကိုဗစ်-၁၉ ဟာ မတ်လ နောက်ဆုံးအပတ်ကတည်းက မြန်မာပြည်ကို ရောက်လာခဲ့တာပါ။ သူ မရောက် လာခင်ကတည်းက သူ့သတင်းတွေကို ကျွန်တော်တို့ ကြားနေရတယ်။ သူ့ကြောင့် ခံစားနေရတဲ့ ရောဂါဝေဒနာ ခံစားရသူတွေ၊ သူ့ကြောင့် သေဆုံးခဲ့ရသူတွေ၊ သူ့ကြောင့် အစာရေစာ ရှားပါးပြတ်လပ်ခဲ့ရသူတွေ၊ ငွေကြေးဆုံး ရှုံးခဲ့ရသူတွေ၊ လွတ်လပ်မှု ပျော်ရွှင်မှု ဆုံးရှုံးခဲ့ရသူတွေ စသဖြင့် သူ့သတင်းဟာ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းခဲ့တယ်။ သူဟာ အသက် ကြီးတယ်၊ ငယ်တယ် မရွေးဘူး၊ ဆင်းရဲချမ်းသာ မရွေးဘူး၊ ရာထူး အာဏာ အောင်မြင်ကျော်ကြားမှုတွေ ရှိတယ် မရှိတယ် မရွေးဘူး။ ဘာမှ မရွေးဘူး။ အားလုံးကို ဖျက်ဆီး ပစ်နိုင်တယ်။ ဒါကြောင့် သူ့ကို အားလုံးက သတိထားကြတယ်။ သတိထားရင်းမှာပဲ သေကြေပျက်စီးနေရတယ်။ […]
Recent Comments