(Unicode) လူငယ်နှင့် သဘာဝပတ်ဝန်းကျင်

ရေကြီး ရေလျှံမှု လျော့ကျသက်သာအောင် လက်တလော မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဘယ်အချိန် ကာလတွေမှာ ရေကြီးရေလျှံဖြစ်တတ်သလဲ။ ဘာကြောင့် ရေကြီး ရေလျှံဖြစ်ရတာလဲ။ ဘယ်လို ကြိုတင် ကာကွယ်သင့်လဲ ဆိုတာတွေကို ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံဟာ မြစ်၊ ချောင်းတွေ ကွန်ရက်တစ်ခုလို ယှက်ဖြာစီးဆင်းနေတဲ့အတွက် တစ်နိုင်ငံလုံးမှာ ရေကြီးနိုင်ခြေရှိတယ်လို့ ယေဘုယျအားဖြင့် မှတ်သားထားနိုင်ပါတယ်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ် တောင်ပိုင်း မှာ ဒီရေတက်ချိန်နဲ့ မြစ်ရေစီးဆင်းမှု မြင့်မားချိန်တွေ တိုက်ဆိုင်နေရင် ရေကြီးမှုဖြစ်ပွားတတ်ပါတယ်။ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ကယား၊ ကရင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာရင် လျှပ်တပြတ် ရေကြီး တတ်ပါတယ်။ ဒါဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောပါ။ အရင်ကာလတွေကတော့ ရေကြီးရေလျှံမှု ဖြစ်တယ် […]

(Unicode) ရေကြီး ရေလျှံမှု လျော့ကျသက်သာအောင်

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးများပြီး ဧရာဝတီနဲ့ချင်းတွင်းမြစ်ရေ မြင့်တက် လာမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုရက်ပိုင်းမှာလည်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရှိတဲ့ ဥရုချောင်းရေမြင့်တက်လာလို့ ဖားကန့်မြို့ထဲ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပြီး မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ တတိယ ၁၀ ရက်ပတ် မိုးလေဝသ ခန့်မှန်းချက်မှာလည်း ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ မြို့ ၂၆ မြို့နယ်တွင် လက်ရှိ ရေမှတ်များထက် အနည်းဆုံး နှစ်ပေကနေ အများဆုံး ငါးပေအထိ မြင့်တက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်တွေအရ ရေကြီးရေလျှံမှုတွေဟာ ဆက်လက် ဖြစ်ပေါ်လာမယ့်အခြေအနေမှာ ရှိပါတယ်။ ဒီလိုရေကြီးရေလျှံမှုတွေဟာ မြန်မာနိုင်ငံမှာ အခုမှ ကောက်ခါငင်ခါ ထဖြစ်တာ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာ နှစ်စဉ်နီးပါး ဖြစ်နေခဲ့တာပါ။ […]

(Unicode) အခုလိုအဖြစ်ဆိုးမျိုး ဖားကန့်ဒေသမှာ ထပ်မကြုံစေချင်

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါမှော်မှာ ပေတစ်ထောင်ကျော်မြင့်တဲ့ မြေစာပုံကြီးတစ်ခု ဇူလိုင် ၂ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က ပြိုကျခဲ့တယ်တဲ့။ စာရေးသူတို့ ဘယ်သူမှ မသိလိုက်ကြဘူး။ မြေစာပုံပြိုကြတဲ့ အထဲ ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ လောက် ပါသွားတယ်ဆိုပြီး လူမှုကွန်ရက် ဖေ့ဘုတ်ခ်ပေါ် တက်လာမှ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ကြရတယ်။ ပြိုကျသွားတဲ့ မြေစာပုံ အောက်ကနေ အသက်မဲ့နေသူတွေ၊ အသက်ရှိပေမယ့် ဒဏ်ရာရသူတွေ၊ အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ဖြစ်နေ သူတွေ တစ်ယောက်ပြီး တစ်ယောက်ကို ရှာဖွေကယ်ထုတ်နေတဲ့သတင်းတွေ ဖတ်ရတယ်။ ပထမရက်က ည ၉ နာရီကျော်အထိ ရုပ်အလောင်း ၁၆၂ လောင်းနဲ့ ဒဏ်ရာရသူ ၈၀ နီးပါးကို ရှာဖွေကယ်ထုတ်နိုင်ခဲ့တယ်။ ဒုတိယနေ့ […]

(Unicode) မြန်မာပြည်အတွက် အထူးသတိထားရမယ့် မုန်တိုင်းအန္တရာယ်

တကယ်တမ်းပြောရရင် မုန်တိုင်းဆိုတာ မြန်မာပြည်သူတွေနဲ့ စိမ်းတဲ့အရာတစ်ခုတော့ မဟုတ် ပါဘူး။ ဒါပေမယ့် ဟိုးအရင်က မုန်တိုင်းဖြစ်ပြီဆိုရင် မုန်တိုင်းတွေဟာ ရခိုင်ကို ဝင်ရင်ဝင်၊ မဝင်ရင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်နေကျဖြစ်တဲ့အပြင် မြန်မာပြည်မှာ တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေဟာ ပျက်စီးဆုံးရှုံးမှု အလွန်အကျွံ မဖြစ်ခဲ့တာကြောင့် မုန်တိုင်းကို ဘယ်သူကမှ ကြောက်စရာကောင်းတဲ့ အရာလို့ မထင်ခဲ့ကြဘူး။ အဲဒီအချိန်မှာပဲ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်ကို ဝင်ရောက် ရမ်းကားခဲ့တဲ့ အတွက် လူပေါင်း တစ်သိန်းခွဲနီးပါး သေဆုံးမှုနဲ့အတူ ဘဝပေါင်းများစွာ၊ နေအိမ်၊ အဆောက်အအုံ ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေများစွာ ဆုံးရှုံးနစ်နာခဲ့ရတယ်။ အဲဒီတော့မှ ပြည်သူတွေဟာ မုန်တိုင်းကို သတိထားရကောင်းမှန်း သိလာကြတယ်။ မုန်တိုင်းဆိုတာကို ကြောက် တတ်လာခဲ့ကြတယ်။ မိုးဦးလေဦးရောက်လို့ မိုးကလေးတစ်အုံ့အုံ့၊ […]

(Unicode) ရိုးမတောင်ခြေပတ်ခွေစီးဆင်းခဲ့သည့် နွေလယ်နေ့များ

ရိုးမတောင်တန်းကြီးများတွင် သစ်တော၊ သစ်ပင်၊ လျိုမြောင်၊ စိမ့်စမ်း၊ ချောင်းမြောင်း ကျေးငှက်၊ တောရိုင်းတိရစ္ဆာန်များဖြင့် နေရောင်တိုးမပေါက်အောင်ရှိနေတတ်သည် ဆိုသည်ကို ငယ်စဉ်ကလေးဘဝကတည်းက သိရှိခဲ့သလို၊ ကျောင်းသားဘဝမှာလည်း ထိုကဲ့သို့ပင်သင်ကြားခဲ့ရသည်။ စိတ်ကူးထဲမှာမြင်ယောင်ကြည့်မိသည့် ရိုးမတောင်တန်းကြီးများတွင် ပဲခူးရိုးမတောင်တန်းကြီးလည်း တစ်ခုအပါအဝင်ပင်ဖြစ်သည်။ တကယ်ဆိုတော့စိတ်ကူးယဉ်တွေးတောကြည့်မိသည့် မြင်ကွင်းများ၊ စာတွေ့သင်ကြားခဲ့ရမှုများက လက်တွေ့ပစ္စပ္ပုန်၌ တက်တက်စင်အောင်လွဲချော်လို့နေတော့သည်။ နှစ်များစွာဖြတ်သန်းကုန်လွန်သွားသည့် နောက် ရိုးမတောင်တန်းကြီးများက အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီ။ ဧပြီလ၏သင်္ကြန်ရက်များကုန်ဆုံးသွားတော့ ပုံမှန်လိုပင်ပြန်လည်သက်ဝင်လှုပ်ရှားရင်း သတင်းစကားများကို စနည်းနာကြည့်နေမိသည်။ ရေရှားပါးရာဒေသများ၏သတင်းများက သိုးသိုးသန့်သန့်ထွက်ပေါ်လို့လာသည်။ ရေအခက်ခဲဖြစ်နေကြပြီလို့ အော်ဟစ်သံများထွက်ပေါ်လာသည်။ ပဲခူးရိုးမကြီးကိုအခြေခံလို့ တည်ရှိနေသည့် ပေါက်ခေါင်းမြို့နယ်လေးတွင်းမှာ ရေရှားပါးသည့်ကျေးရွာများအများအပြားရှိနေသည်။ တစ်ရက်ခရီးထွက်ခဲ့သည်။ ရိုးမတောင်ခြေနားထိရောက်သည်။ အဝေးနေရောင်အောက်တွင် မှုန်ပျပျပဲခူးရိုးမကြီး ကိုလှမ်းမြင်ခဲ့သည်။ လမ်မကြီးကပေါက်ခေါင်း-အုတ်တွင်း-တောင်ငူထိပေါက်သည့် အဝေးပြေးလမ်းမကြီး ရိုးမတောင်တန်းပေါ်ကနေဖြတ်သန်းသွားရသည်။ ယခင်ကသစ်ထုတ်ရာလမ်းမကြီး၊ တရားဝင်ရောမှောင်ခိုပါ သစ်ထွက်သည့်လမ်းမကြီး။ တစ်ချိန်က ကျွန်းသစ်ပရိဘောဂပစ္စည်းများလိုချင်ပါက ပေါက်ခေါင်းမြို့ကိုအော်ဒါ မှာယူလို့ရသည်။ အရည်အသွေးပြည့်ဝသည့်ကျွန်းသစ်ဖြင့်ပြုလုပ်ထားသည့် […]

(Unicode) နာကျင်ခြင်းများဖြင့်ဤခရီးမနီးသေးပါ

(The Daily ELEVEN သတင်းစာ ၁၂.၅.၂၀၁၅) မှကူးယူ ဖော်ပြပါသည် တစ်ခါတစ်လေတွင်ကျွန်တော်တို့သွားရသည့်ခရီးအကွာဝေးကို မသိနိုင်သလို ဘယ်လိုခရီးမျိုးဆိုတာကိုလည်း သိနိုင်ခြင်းမရှိပဲ သွားမိနေသည့်ခရီးများစွာရှိဖူးကြပါလိမ့်မည်။ တစ်နေရာမှတစ်နေရာသို့သွားနေသည့်ခရီး၊ အရေးပေါ်ခရီး၊ နာရေးခရီး၊ သာရေးခရီး၊ ဘုရားဖူးခရီး အလုပ်ကိုင်ရွှေ့ပြောင်းခဲ့ရသည့်ခရီး ခရီးပေါင်းများစွာ လိုလိုလားလားခရီး၊ မနှစ်သက်ပဲလျှောက်နေရသည့်ခရီး မွေးဖွားသည်မှသေဆုံးသည်ထိ မကုန်နိုင်အောင်ပင်သွားနေရသည်။ သေသည့်နောက်မှာပင် သံသရာ ခရီးဆိုတာကရှိသေးသည်။ ထိုထိုအထဲတွင် စိတ်ဆင်းရဲခြင်း၊ ပူပန်သောကများနှင့် ဒုက္ခတို့ကို ကိုယ်ရောစိတ်ပါ ခံစားရင်းသွားနေရသည့် ခရီးများသည်က ဘဝနှင့်ပင်နှိုင်းယှဉ်လာချိန်တွင် ဤခရီးမနီးသေးပါဟု ပြောမိလိမ့်မည်ထင်သည်။ မနီးသေးသောခရီးများအတွက်တစ်ဦးကိုတစ်ယောက် ဖေးမလမ်းပြရင်း၊ ကူညီစောင့်ရှောက်ရင်း ခဲရာခဲဆစ်ဖြတ်သန်းနေကြရသည်။ မိတ်ဆွေကောင်းတစ်ယောက်ရှိမည်ဆိုပါက မည်သည့်ခရီးကိုမဆို သွားနိုင်သည်မဟုတ်လား။ အခုတလောထွက်ဖြစ်နေသည့်ခရီးများကတော့ ရေလှူသွားရသည့်ခရီးများသာဖြစ်သည်။ အတိကျဆိုရ လျင်တော့ ဧပြီလကတည်းကဟု ပြောရမည်ထင်သည်။ တိုင်းကျော်၊ ပြည်ကျော်ဟုဆိုသလိုပင် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီးမှ မကွေးတိုင်းဒေသကြီးခရီးစဉ်များဖြစ်သည်။ အိမ်ရှေ့ပူအိမ်နောက်မချမ်းသာ ဆိုသလို […]

(Unicode) နာဂစ် သင်ခန်းစာ

၂၀၂၀၊ မေ ၂ နာဂစ် …။ ၁၂ နှစ်ပြည့်ခဲ့ပြီ။ ဖြစ်နိုင်လျှင် နာဂစ်ဆိုတဲ့ အသံကို ကျွန်တော် မကြားချင် တော့။ နာဂစ်အကြောင်းလည်း မတွေးချင်တော့။ နာဂစ်အကြောင်း‌ရေးတဲ့စာ၊ ကဗျာများပင် မဖတ်ချင်သလို ကျွန်တော် ကိုယ်တိုင်လည်း မရေးချင်တော့။ ကျွန်တော် နာဂစ်ကို စိတ်နာသည်။ မုန်းသည်။ ထို့ကြောင့် ကျွန်တော် နာဂစ် ကို မေ့လိုက်ချင်သည်။ သို့သော် ….။ ××× နာဂစ်မုန်တိုင်းသည် ၂၀၀၈ခုနှစ် မေလ ၂ ရက်တွင် ဟိုင်းကြီးကျွန်းဆွယ်ကို ဦးတည်ပြီး အချင်းဝက် အကျယ်မိုင် ၁၉၀၊ တောင်၊ မြောက် အကျယ် ၂၅၅ မိုင်ခန့်အရွယ်၊ အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီမိုင် ၁၃၀ ခန့်ဖြင့် လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ […]

(Zawgyi) တန်ပြန်သက်ရောက်မှု(၁)

ကမ္ဘာကျော် ဟောလိဝုတ် ဗိုင်းရပ်စ်ရုပ်ရှင်ကားကြည့်နေရသလိုပါပဲ။ မြင်ကွင်းတွေက အာရုံမှာကွက်ကွက်ကွင်းကွင်းပေါ်နေတယ်။ လူတွေ အစုလိုက်အပြုံလိုက်သေနေကြတာ၊ကမ္ဘာလူသေစာရင်းဟာ တစ်နေ့ထက်တစ်နေ့တိုးပွါးနေတာ၊ ရောင်စုံမီးလုံးတွေနဲ့ စည်ကားပါတယ်ဆိုတဲ့မြို့တွေ တိတ်ဆိတ် ‌ခြောက်ကပ်သွားတာ၊ တချို့နိုင်ငံတွေလမ်းပေါ်လူထွက်လို့ ရဲတွေလိုက်ရိုက်ကြတာ၊ စားနပ်ရိက္ခာ‌တွေအလုအယက် တိုးကြိတ်ဝယ်ကြတာ၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငတ်မွတ်တဲ့ဘေးပါ ထပ်ပြီးရင်ဆိုင်ရမယ်၊ ကမ္ဘာလူသားအားလုံးလည်းထိပ်လန့်ကြောက်ရွံစိတ်တွေ၊ စိုးရိမ်‌သောကတွေကိုယ်စီနဲ့ ၊ ကုန်သွယ်ရေးတွေရပ်ကုန်တယ်၊ ကမ္ဘာစီးပွါးရေးလည်းကျဆင်းသွားတယ်။ စက်ရုံတွေ အလုပ်ရုံတွေ ကုမ္ပဏီတွေပိတ်လိုက်ရတယ်။ ဒါဟာ ကိုဗစ်လို့သတ်မှတ်ခြင်းခံရတဲ့ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးရဲ့ တိုက်ခိုက်ခြင်းကို တစ်ကမ္ဘာလုံးခံနေရတဲ့ အနိဌာရုံတွေပါ။ လူခန္ဓာကိုယ်ထဲအဲ့ဒိပိုးရောက်သွားပြီဆိုတာနဲ့ အဲ့ဒိလူဟာ တစ်လမခံဘူး၊သေခဲ့ကြတယ်၊ ပိုးကူးစက်ပုံက မာတီလယ်ဘယ်လ်မာကတင်းဆန်တယ်၊ ကူးစက်မြန်လို့ ကျည်ဆံရထားလို့တောင်တင်စားကြတယ်၊ လူမျိုးမခွဲခြားဘူး၊ ဘာသာမခွဲခြားဘူး၊ အသားရောင်မခွဲခြားဘူး၊ အဆင့်အတန်းမခွဲခြားဘူး၊ နိုင်ငံခေါင်းဆောင်လည်းအလွတ်မပေးဘူး၊ စစ်သွေးကြွတွေလည်းသူ့ကိုကြောက်ရတယ်၊တိကျတဲ့ကုသဆေးမရှိဘူး။ နိုင်ငံအသီးသီးမှာဖြစ်‌ပေါ်နေတဲ့ ဒီသတင်းတွေကို နေ့စဉ်ဖတ်‌နေရ တည်းဖြတ်နေရတဲ့ အယ်ဒီတာတစ်ယောက်ဖို့ ဒါတွေဟာသဲထိပ်ရင်ဖို ရုပ်ရှင်ကြည့်နေရသလိုပါပဲ။ ဘာကြောင့်ဖြစ်တာလဲ၊ […]

(Zawgyi) အဆိပ်သင့်ညစ်ညမ်းပြီး ပမာဏလျော့နည်းလာတဲ့ မြေအောက်ရေ

၂၀၁၅ ခုနှစ်မှစတင်ကာ နှစ်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်မှာ မြေအောက်ရေ ငန်လာ မှုကြောင့် မြို့နယ်နေပြည်သူတွေ ရေအခက်အခဲ ကြုံတွေ့နေရတဲ့အကြောင်း ၂၀၁၇ ခုနှစ် မတ် ၈ ရက်ထုတ် သတင်းစာ တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ အလုံမြို့နယ်မှာ မြေအောက်ရေသုံးစွဲသူအချို့ရဲ့ ပြောစကားအရ မြေအောက်ရေတွေ ငန်နေပြီး ဆပ်ပြာတိုက်ရင် အမြုပ်မထွက်ကြောင်း၊ တစ်ချို့ကလေးတွေမှာ ယားနာပေါက် တွေ ပေါက်ကြောင်း၊ ဒါကြောင့် ရေသန့်တွေကို ၀ယ်ယူသုံးစွဲနေရကြောင်း သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရေငန်ဝင်ရောက်မှုဟာ နှစ်နှစ်အတွင်း တော်တော်ဆိုးလာ ကြောင်း၊ စည်ပင်သာယာသို့တင်ပြပြီး အ၀ီစိတွင်းတွေကို စစ်ဆေးမယ်လို့ ပြောထားကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကုက္ကိုဝ စီမံကိန်းအပြီးမှာလည်း အလုံမြို့နယ်သို့ ရေပေးဝေရေးအတွက် ကောင်းမွန်လာမှာဖြစ်ကြောင်း ပြော ထားပါတယ်။ ဒီလိုမြေအောက်ရေပျက်စီးနေတဲ့သတင်းတွေကို ၂၀၀၈ […]

(Zawgyi) သဘာဝတရားကြီးက တိုက်လိုက်တဲ့ကျိန်စာ

ကမ္ဘာမြေ၊ သက်ရှိလူသားနှင့် တိရစ္ဆာန်များ၊ တောတောင် မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများနှင့် ရေခဲတောင် ရေခဲမြစ်များ၊ ရာသီဥတုစက်ဝန်းများအားလုံးသည် သဘာဝတရားကြီးက ဟန်ချက်ညီညီလည်ပတ် တည်ရှိရန် ဖန်ဆင်းပေးခဲ့သည့် အရာများသာဖြစ်ပါသည်။ သဘာဝတရားကြီး၏ ဖန်ဆင်းခြင်းခံခဲ့ရသည့် အရာများထဲတွင် လူသားများနှင့် သက်ရှိတိရစ္ဆာန်များကိုသူ့နေရာနှင့်သူအသင်းအဖွဲ့နှင့်ဖြစ်စေတစ်ဦး၊တစ်ကောင်၊ တစ်ယောက်ချင်းဖြစ်စေသွားလာရှင်သန်နိုင်ရေးအတွက် မှတ်သားလေ့လာတတ်သည့် ဦးနှောက်နှင့် အသိဥာဏ်တချို့ကိုထည့်ပေးလိုက်သည်။ ထိုအထဲတွင် ဦးနှောက်ထုထည် အကြီးမားဆုံးဖြစ်သည့် လူသားများသည် သူတို့၏ကြီးမားသောဦးနှောက်များကိုအသုံးပြုကာကျေဇူးရှင်သဘာတရားကြီး၏ သဘာဝဖန်ဆင်းမှုများ ကိုကျော်လွန်ကာဖန်တီးမှုများ၊ နေထိုင်ရှင်သန်မှုများ ပြုလုပ်လာကြသည်။ တီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်မှသည် မော်တော်ကားများနှင့် လကမ္ဘာနှင့် အာကာသအတွင်းသို့ သွားနိုင်သည့် ယာဉ်ပျံကိုပါ တီထွင်ဖန်တီးခဲ့ကြသည်။ ကမ္ဘာမြေကြီးကလက်ခံနိုင်သည့် လူဦးရေပမာဏထက်ကျော်လွန်ကာလူဦးရေတိုးပွားနှုန်းကိုဖန်တီးလာသည်။ ကမ္ဘာမြေကြီးကို ငြိမ်းချမ်းရေးနှင့် ကင်းဝေစေမည့် အတ္တများကိုမွေးမြူလာသည်။ ဓာတုလက်နက်၊ ဇီဝလက်နက်များ သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်လုပ်လာသည်။ ကမ္ဘာမြေကြီးကိုအစာမကြေဖြစ်စေမည့် ပလပ်စတစ်စသောလူ့အသုံးအဆောင်ပစ္စည်းများကိုအလုအယက်ထုတ်လုပ် အလုအယက်အသုံးပြုလာသည်။ […]