Climate Changes (Defination)


<unicode ဖြင့်ဖတ်ရန်>

ရာသီဥတုဖြစ်စဉ်များသည် တစ်နှစ်နှင့်တစ်နှစ် ဆင်တူသည်များရှိသကဲ့သို့ ကွဲပြားစွာ ဖြစ်ပေါ်နေသာ နှစ်များလည်း ရှိသည်။ မိုးများသောနှစ်များ၊ မိုးနည်းသော နှစ်များ၊ ပူသောနှစ်များ၊ အေးသောနှစ်များ စသဖြင့် ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လေ့ရှိသည်။ ထိုကဲ့သို့ မတူညီသောရာသီဥတုများ ပြောင်းလဲဖြစ်ပေါ်နေခြင်းသည် သဘာဝအလျောက် ရာသီဥတု ရှင်သန်ခြင်းဖြစ်စဉ် Climate variation ဖြစ်သည်။ သို့သော် ပြောင်းလဲမှု ဖြစ်စဉ်တစ်ခု၊ ဥပမာ- ပျှမ်းမျှအပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် မြင့်တက်ခြင်း ဖြစ်စဉ်တစ်ခုသည် မပြောင်း မလဲဘဲ ဆယ်စုနှစ်တစ်စုမက ဆက်လက်မြင့်တက်နေသော ဖြစ်စဉ် ဖြစ်ပေါ်လာခြင်း၊ အလားတူ မိုးရွာသွန်းမှု မမျှတခြင်း၊ ပျှမ်းမျှမိုရေချိန် လျော့နည်း ကျဆင်းလာခြင်းတို့သည် ဆယ်စုနှစ်တစ်ခုထက် ကျော်လွန်အောင် ဆက်လက် ဖြစ်ပေါ်နေခြင်း စသဖြင့် ကာလရှည်ပြောင်းလဲမှု ဖြစ်ပေါ်လာပါက ထိုဖြစ်စဉ်ကို ရာသီဥတု ပြောင်း လဲခြင်း(Climate Changes) ဟုခေါ်သည်။

တစ်နည်းဆိုရလျှင် ရာသီဥတုပြောင်းလဲခြင်း(Climate Changes) ဆိုသည်မှာ နွေရာသီမှ မိုးရာသီ၊ မိုးရာသီမှ ဆောင်းရာသီ၊ ဆောင်းရာသီမှ နွေရာသီစသဖြင့် ရာသီတစ်ခုမှတစ်ခုသို့ ပုံမှန်အတိုင်းပြောင်းလဲလည်ပတ်နေခြင်းမျိုး မဟုတ်ဘဲ ရာသီတစ်ခုအတွင်း၌ ပုံမှန်ဖြစ်နေကျ အခြေအနေများသည် သိသိသာသာပြောင်းလဲလာခြင်းကို ဆိုလိုသည်။ (ဥပမာ- မိုးများလွန်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း စသည့် ပုံမှန်ထက်ထူးကဲသောအခြေအနေများကို ဆက်တိုက်ကြုံတွေ့လာရခြင်း ဖြစ်သည်။)

<zawgyi ျဖင့္ဖတ္ရန္>

ရာသီဥတုျဖစ္စဥ္မ်ားသည္ တစ္ႏွစ္ႏွင့္တစ္ႏွစ္ ဆင္တူသည္မ်ားရွိသကဲ့သို႔ ကြဲျပားစြာ ျဖစ္ေပၚေနသာ ႏွစ္မ်ားလည္း ရွိသည္။ မိုးမ်ားေသာႏွစ္မ်ား၊ မိုးနည္းေသာ ႏွစ္မ်ား၊ ပူေသာႏွစ္မ်ား၊ ေအးေသာႏွစ္မ်ား စသျဖင့္ ေျပာင္းလဲမႈမ်ားလည္း ျဖစ္ေပၚေလ့ရွိသည္။ ထိုကဲ့သို႔ မတူညီေသာရာသီဥတုမ်ား ေျပာင္းလဲျဖစ္ေပၚေနျခင္းသည္ သဘာ၀အေလ်ာက္ ရာသီဥတု ရွင္သန္ျခင္းျဖစ္စဥ္ Climate variation ျဖစ္သည္။ သို႔ေသာ္ ေျပာင္းလဲမႈ ျဖစ္စဥ္တစ္ခု၊ ဥပမာ- ပွ်မ္းမွ်အပူခ်ိန္ ၁ ဒသမ ၅ ဒီဂရီစင္တီဂရိတ္ ျမင့္တက္ျခင္း ျဖစ္စဥ္တစ္ခုသည္ မေျပာင္း မလဲဘဲ ဆယ္စုႏွစ္တစ္စုမက ဆက္လက္ျမင့္တက္ေနေသာ ျဖစ္စဥ္ ျဖစ္ေပၚလာျခင္း၊ အလားတူ မိုးရြာသြန္းမႈ မမွ်တျခင္း၊ ပွ်မ္းမွ်မိုေရခ်ိန္ ေလ်ာ့နည္း က်ဆင္းလာျခင္းတို႔သည္ ဆယ္စုႏွစ္တစ္ခုထက္ ေက်ာ္လြန္ေအာင္ ဆက္လက္ ျဖစ္ေပၚေနျခင္း စသျဖင့္ ကာလရွည္ေျပာင္းလဲမႈ ျဖစ္ေပၚလာပါက ထိုျဖစ္စဥ္ကို ရာသီဥတု ေျပာင္း လဲျခင္း(Climate Changes) ဟုေခၚသည္။

တစ္နည္းဆိုရလွ်င္ ရာသီဥတုေျပာင္းလဲျခင္း(Climate Changes) ဆိုသည္မွာ ေႏြရာသီမွ မိုးရာသီ၊ မိုးရာသီမွ ေဆာင္းရာသီ၊ ေဆာင္းရာသီမွ ေႏြရာသီစသျဖင့္ ရာသီတစ္ခုမွတစ္ခုသို႔ ပံုမွန္အတိုင္းေျပာင္းလဲလည္ပတ္ေနျခင္းမ်ဳိး မဟုတ္ဘဲ ရာသီတစ္ခုအတြင္း၌ ပံုမွန္ျဖစ္ေနက် အေျခအေနမ်ားသည္ သိသိသာသာေျပာင္းလဲလာျခင္းကို ဆိုလိုသည္။ (ဥပမာ- မိုးမ်ားလြန္းျခင္း၊ မိုးေခါင္လြန္းျခင္း၊ အခ်ိန္အခါမဟုတ္ မိုးရြာျခင္း၊ အပူခ်ိန္လြန္ကဲျခင္း၊ အေအးလြန္ကဲျခင္း စသည့္ ပံုမွန္ထက္ထူးကဲေသာအေျခအေနမ်ားကို ဆက္တိုက္ၾကံဳေတြ႔လာရျခင္း ျဖစ္သည္။)

Copy link
Powered by Social Snap