Climate Changes (History)


<unicode ဖြင့်ဖတ်ရန်>

သိပ္ပံပညာရှင်များက ၁၉၈၀ ခုနှစ်တွင် ကမ္ဘာ့အပူချိန်များ မြင့်တက်နေပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ် ပေါ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများက ဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုတော်လှန်ရေး အမည်ဖြင့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ခဲ့ကြသည်။ ယင်း စက်ရုံ၊ အလုပ်ရုံများကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများ တစ်နေ့တစ်ခြား ပိုမိုတိုးတက်လာခဲ့ရသည်။ ထို့ကြောင့်ပင် ရာသီဥတုလည်းပြောင်းလဲမှုက ပိုမိုသိသာလာခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုများသည် ၁၉၇၈ ခုနှစ်တွင် စတင်ခဲ့သည်ဟု မိုးလေဝသပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။ ၁၉၉၈ ခုနှစ်သည် မြန်မာနိုင်ငံသမိုင်းတွင် အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ကာလများသည် အလွန်ဆိုးရွားသည့် ရာသီဥတုပြောင်းလဲမှု ကာလများ ဖြစ်ခဲ့သည်။ ထိုကာလများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ ၁၉၇၉ ခုနှစ်က ပူလွန်း သောကြောင့် ရေများ ခန်းခြောက်ခဲ့ရသည့်အပြင် ဖိုလ်ဝင်တောင်ရှိ မျောက်များပင်လျှင် မျိုးသုဉ်းသွားခဲ့ရသည်။

<zawgyi ဖြင့်ဖတ်ရန်>


Copy link
Powered by Social Snap