Disasters (Defination)


<unicode ဖြင့်ဖတ်ရန်>

သဘာဝဘေး အန္တရာယ်ဆိုသည်မှာ လူတို့၏ အားထုတ်မှုကြောင့် မဟုတ်ပဲ သဘာဝတရားကြောင့် ဖြစ် ပွားသော ဘေးအန္တရာယ်များကို ဆိုလိုသည်။ ဥပမာ- မိုးသည်ထန်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက် ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်း ဖြစ်ပေါ်ခြင်း၊ ဆီးနှင်းကျခြင်း၊ အပူလှိုင်း အအေးလှိုင်းဖြတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်း အန္တရာယ်ဖြစ်ပေါ်ခြင်းစသည် တို့ ဖြစ်သည်။
သဘာဝဘေးအန္တရာယ်သည် ဖြစ်ချင်တိုင်း ဖြစ်ခိုင်း၍ မရသကဲ့သို့ မဖြစ်ချင်တိုင်းလည်း မဖြစ်ခိုင်း၍ မရပေ။ ဖြစ်ပွားပြီဆိုလျှင်လည်း အင်အားပမာဏ၊ နေရာဒေသပေါ် မူတည်၍ ထိခိုက်ပျက်စီးမှု များပြားလေ့ရှိ သည်။ သဘာ၀ ဘေးအန္တရာယ်များသည် သဘာဝအတိုင်း ဖြစ်ပေါ်သည်ဟု ဆိုသော်လည်း လူတို့၏ ပယောဂ ကြောင့် ပိုမိုပြင်းထန်လာခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

<zawgyi ဖြင့်ဖတ်ရန်>



Copy link
Powered by Social Snap