Disasters (History)


<unicode ဖြင့်ဖတ်ရန်>

သဘာဝဘေးအန္တရာယ်များသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲလာမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လျက်ရှိပြီး လူသားတို့၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးနေကြရသည်။ ယခင်က မြန်မာနိုင်ငံသည် သဘာ၀ ပတ်ဝန်းကျင် အနေအထားများ ကောင်းမွန်ခြင်းကြောင့် သဘာ၀ ဘေးအန္တရာယ်များကို ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရခြင်း မရှိပေ။ သို့သော် နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်များ တစ်စတစ်စပျက်စီးလာပြီး ၂၀၀၈ ခုနှစ် မေလ ၂ ရက်၌ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်နှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ကြုံတွေ့ခဲ့ရတော့သည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ဟိုင်းကြီးကျွန်းဆွယ်ကို ဦးတည်ပြီး အချင်းဝက် အကျယ် မိုင် ၁၉၀၊ တောင်မြောက် အကျယ် ၂၅၅ မိုင် ခန့်အရွယ်၊ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင် ၁၃၀ ခန့်ဖြင့် လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ဝါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်၊ ရန်ကုန်မြိုတွေကို ဖြတ်သန်းတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ နာဂစ်ကြောင့် လူပေါင်း တစ်သိန်းလေးသောင်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။ အိမ်ယာ အဆောက်အဦပေါင်း ခုနှစ်သိန်းခွဲခန့် ပျက်စီးခဲ့ရ သည်။ လူပေါင်း ဆယ့်တစ်သန်းကျော်ခန့် ထိခိုက်ခဲ့ရသည်။ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် နှစ်ရပ်ပေါင်း ပစ္စည်း ဆုံးရှုံးမှုတန်ဘိုး (၁၂) ထရီလီယံကျော် ရှိခဲ့သည်။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အသေ အပျာက် အဆိုးဆုံးစာရင်းမှာ ကမ္ဘာ့နံပါတ်(၈)အဆင့်ဖြစ်ခဲ့သည်။ နာဂစ်ဆိုင်ကလုန်းအလွန်ကာလများတွင် တော့ မြန်မာနိုင်ငံတွင် သဘာဘေးအန္တရာယ်များကို တစ်နှစ်တစ်မျိုး မရိုးရအောင် ခံစားလာခဲ့ရသည်မှာ ယနေ့ အထိပင် ဖြစ်သည်။

<zawgyi ျဖင့္ဖတ္ရန္>

သဘာ၀ေဘးအႏၱရာယ္မ်ားသည္ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးမႈ၊ ကမာၻၾကီးပူေႏြးလာမႈႏွင့္ ရာသီဥတု ေျပာင္းလဲလာမႈေၾကာင့္ ကမာၻတစ္၀န္းတြင္ ျပင္းျပင္းထန္ထန္ ျဖစ္ေပၚလ်က္ရွိျပီး လူသားတို႔၏ အသက္အိုးအိမ္ စည္းစိမ္မ်ား ပ်က္စီး ဆံုးရႈံးေနၾကရသည္။ ယခင္က ျမန္မာႏုိင္ငံသည္ သဘာ၀ ပတ္၀န္းက်င္ အေနအထားမ်ား ေကာင္းမြန္ျခင္းေၾကာင့္ သဘာ၀ ေဘးအႏၱရာယ္မ်ားကို ျပင္းျပင္းထန္ထန္ ေတြ႔ၾကံဳခဲ့ရျခင္း မရွိေပ။ သို႔ေသာ္ ေနာက္ပိုင္းကာလမ်ားတြင္ ျမန္မာႏုိင္ငံသည္ သဘာ၀ပတ္၀န္းက်င္မ်ား တစ္စတစ္စပ်က္စီးလာျပီး ၂၀၀၈ ခုႏွစ္ ေမလ ၂ ရက္၌ နာဂစ္ဆိုင္ကလုန္းမုန္တိုင္းအႏၱရာယ္ႏွင့္ ျပင္းျပင္းထန္ထန္ ရင္ဆိုင္ၾကံဳေတြ႔ခဲ့ရေတာ့သည္။

နာဂစ္ဆိုင္ကလုန္းမုန္တိုင္းသည္ ဟိုင္းႀကီးကြၽန္းဆြယ္ကို ဦးတည္ၿပီး အခ်င္း၀က္ အက်ယ္ မိုင္ ၁၉၀၊ ေတာင္ေျမာက္ အက်ယ္ ၂၅၅ မိုင္ ခန္႔အရြယ္၊ အျမင့္ဆံုးေလတိုက္ႏႈန္း တစ္နာရီကို မိုင္ ၁၃၀ ခန္႔ျဖင့္ လပြတၱာ၊ ျပင္စလူ၊ ငပုေတာ၊ ဘိုကေလး၊ ဖ်ာပံု၊ ေမာ္လၿမိဳင္ကြၽန္း၊ ေျမာင္းျမ၊ ပုသိမ္၊ ၀ါးခယ္မ၊ မအူပင္၊ ေဒးဒရဲ၊ က်ံဳမေငး၊ က်ိဳက္လတ္၊ ပန္းတေနာ္၊ ရန္ကုန္ၿမိဳေတြကို ျဖတ္သန္းတိုက္ခတ္ခဲ့ျခင္း ျဖစ္သည္။ နာဂစ္ေၾကာင့္ လူေပါင္း တစ္သိန္းေလးေသာင္းခန္႔ အသက္ဆံုးရံႈးခဲ့ရသည္။ အိမ္ယာ အေဆာက္အဦေပါင္း ခုႏွစ္သိန္းခြဲခန္႔ ပ်က္စီးခဲ့ရ သည္။ လူေပါင္း ဆယ့္တစ္သန္းေက်ာ္ခန္႔ ထိခိုက္ခဲ့ရသည္။ ႏိုင္ငံေတာ္ပိုင္္ႏွင့္ ပုဂၢလိကပိုင္ ႏွစ္ရပ္ေပါင္း ပစၥည္း ဆံုးရံႈးမႈတန္ဘိုး (၁၂) ထရီလီယံေက်ာ္ ရွိခဲ့သည္။ သဘာ၀ေဘးအႏၱရာယ္ေၾကာင့္ ပ်က္စီးဆံုးရံႈးမႈႏွင့္ အေသ အပ်ာက္ အဆိုးဆံုးစာရင္းမွာ ကမၻာ့နံပါတ္(၈)အဆင့္ျဖစ္ခဲ့သည္။ နာဂစ္ဆိုင္ကလုန္းအလြန္ကာလမ်ားတြင္ ေတာ့ ျမန္မာႏုိင္ငံတြင္ သဘာေဘးအႏၱရာယ္မ်ားကို တစ္ႏွစ္တစ္မ်ဳိး မရုိးရေအာင္ ခံစားလာခဲ့ရသည္မွာ ယေန႔ အထိပင္ ျဖစ္သည္။

Copy link
Powered by Social Snap