Forests (Defination)


<unicode ဖြင့်ဖတ်ရန်>

သစ်ပင်ကြီးငယ်အများအပြား စုရုံးပေါက်ရောက်နေသော တောကို သစ်တောဟု ခေါ်သည်။ သစ်တော ဟုဆိုလိုက်လျှင် လူသူ မနီးသည့် တောကြီး မျက်မည်းဟူ၍ ယေဘုယျအားဖြင့် ထင်မြင်ဖွယ်ရာ အကြောင်းရှိ သော်လည်း လူသည် သစ်တောနှင့် ကင်းကွာ၍ မရနိုင်အောင် နီးကပ်ဆက်စပ်လျက် ရှိပေသည်။ သစ်တောများ သာ မရှိခဲ့လျှင် ကမ္ဘာမြေ၊ ရာသီဥတု၊ လူနေမှုစနစ် တို့သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားဖွယ်ရာ ရှိသည်။ သစ်တောများသည် လူအပါအဝင် သက်ရှိသတ္တဝါများ အသက်ရှင်ရန်လိုအပ်သော အောက်စီဂျင်ကို ထုတ်လွှတ် ပေးပြီး အဆိပ်အတောက် ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးသည်။ လူသားတို့အတွက် စားဝတ် နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပေးသည့်အပြင် စိတ်ကြည်နူးဖွယ် အပန်းဖြေနေရာများ ကိုလည်း ဖန်တီးပေးသည်။ ထို့အပြင် ရာသီဥတုကို မျှတစေခြင်း၊ မြေဆီလွှာ မပျက်စီးအောင် ကာကွယ်ပေး ခြင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်တို့တွင် အနည်အနှစ် ပို့ချမှု နည်းပါးစေခြင်း၊ တိုင်းပြည်၏ သယံဇာတဖြစ်သော တောရိုင်းသားငှက် တိရစ္ဆာန်တို့၏ ခိုအောင်းရာ၊ စားကျက်ချရာ နေရာဖြစ်ခြင်း၊ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ ရရှိစေခြင်းတို့ကိုလည်း သစ်တောများက ဝန်ဆောင်မှုပေးလျက်ရှိသည်။

<zawgyi ျဖင့္ဖတ္ရန္>

သစ္ပင္ၾကီးငယ္အမ်ားအျပား စုရုံးေပါက္ေရာက္ေနေသာ ေတာကို သစ္ေတာဟု ေခၚသည္။ သစ္ေတာ ဟုဆိုလိုက္လွ်င္ လူသူ မနီးသည့္ ေတာၾကီး မ်က္မည္းဟူ၍ ေယဘုယ်အားျဖင့္ ထင္ျမင္ဖြယ္ရာ အေၾကာင္းရွိ ေသာ္လည္း လူသည္ သစ္ေတာႏွင့္ ကင္းကြာ၍ မရႏုိင္ေအာင္ နီးကပ္ဆက္စပ္လ်က္ ရွိေပသည္။ သစ္ေတာမ်ား သာ မရွိခဲ့လွ်င္ ကမာၻေျမ၊ ရာသီဥတု၊ လူေနမႈစနစ္ တို႔သည္ တစ္မ်ဳိးတစ္ဖုံ ေျပာင္းလဲသြားဖြယ္ရာ ရွိသည္။ သစ္ေတာမ်ားသည္ လူအပါအ၀င္ သက္ရွိသတၱ၀ါမ်ား အသက္ရွင္ရန္လိုအပ္ေသာ ေအာက္စီဂ်င္ကို ထုတ္လႊတ္ ေပးျပီး အဆိပ္အေတာက္ ျဖစ္ေစေသာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူေပးသည္။ လူသားတို႔အတြက္ စား၀တ္ ေနေရးအတြက္ တစ္ဖက္တစ္လွမ္းမွ အေထာက္အကူေပးသည့္အျပင္ စိတ္ၾကည္ႏူးဖြယ္ အပန္းေျဖေနရာမ်ား ကိုလည္း ဖန္တီးေပးသည္။ ထို႔အျပင္ ရာသီဥတုကို မွ်တေစျခင္း၊ ေျမဆီလႊာ မပ်က္စီးေအာင္ ကာကြယ္ေပး ျခင္း၊ ျမစ္၊ ေခ်ာင္း၊ အင္းအိုင္တို႔တြင္ အနည္အနွစ္ ပို႔ခ်မႈ နည္းပါးေစျခင္း၊ တိုင္းျပည္၏ သယံဇာတျဖစ္ေသာ ေတာရိုင္းသားငွက္ တိရစာၦန္တို႔၏ ခိုေအာင္းရာ၊ စားက်က္ခ်ရာ ေနရာျဖစ္ျခင္း၊ ႏုိင္ငံေတာ္အတြက္ ဘ႑ာေငြ ရရွိေစျခင္းတို႔ကိုလည္း သစ္ေတာမ်ားက ၀န္ေဆာင္မႈေပးလ်က္ရွိသည္။

Copy link
Powered by Social Snap