Forests (History)


<unicode ဖြင့်ဖတ်ရန်>

မြန်မာ့သစ်တောများသည် ခေတ်အဆက်ဆက် မြန်မာပြည် အစိုးရမင်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုစနစ် အာနည်းခဲ့သောကြောင့် ပြုန်းတီးလာခဲ့ရပြီး သစ်တောဖုံးလွှမ်းမှုသည် ၁၉၅၆-၅၇ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်း ရှိခဲ့ ရာမှ ၁၉၆၂ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ ၅၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်း၊ ၂၀၀၈ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းခဲ့သည်။ သစ်တောပြုန်းတီးမှုစာရင်း များအရ စစ်အစိုးရလက်ထက်တွင် သစ်တောပြုန်းတီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ စစ်အစိုးရက ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ရာ ၂၀၀၃ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာခဲ့မှ နောက်ခုနစ်နှစ်အကြာ ၂၀၁၀ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းထိ လျော့နည်း ကျဆင်း ခဲ့သည်။
ထို့အပြင် မြန်မာ့သစ်တောများ၏ ကျွန်းထုတ်လုပ်နိုင်မှု အင်အား(AAC)သည် ၁၉၅၆-၆၀တွင် ကုဗတန် လေးသိန်း ရှိခဲ့သော်လည်း စစ်အစိုးရ လက်ထက်နောက်ပိုင်းတွင် ကုဗတန်ရှစ်သောင်းခန့်သာ ရှိတော့သည်။ သစ်တောခရိုင်တိုင်းတွင်လည်း ပုံမှန်သစ်ထုတ်လုပ်နိုင်သည့် အင်အားထက် သုံးဆမှ ငါးဆအထိ တိုးတက် ထုတ်လုပ်ခဲ့သောကြောင့် သစ်တောများ ပြုန်းတီးခဲ့ရသည်။ ထို့အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်ကဲ့သို့ မငြိမ်းချမ်းခဲ့သော နယ်မြေများ၊ အုပ်ချုပ်မှုနှင့် အလှမ်းဝေးခဲ့သည့် နယ်မြေများတွင်လည်း သစ် တောများ အဆမတန် ပြုန်းတီးခဲ့ရသည်။ ထို့ကြောင့် သစ်တောပြုန်းတီးမှုသည် ၁၈၅၆ ခုနှစ်မှာ ၇၀ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၁၀ ခုနှစ်တွင် ၄၆ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့သည်ဟု FAO က ထုတ်ပြန်ခဲ့ပြီး ယခုနှစ် တွင် သစ်တောဖုံးလွှမ်းမှုသည် ၂၀ ရာခိုင်နှုန်းခန့်သာ ရှိနိုင်တော့သည်ဟု သစ်တောပညာရှင်အချို့က သုံးသပ်ခဲ့ ကြသည်။

<zawgyi ျဖင့္ဖတ္ရန္>

          ျမန္မာ့သစ္ေတာမ်ားသည္ ေခတ္အဆက္ဆက္ ျမန္မာျပည္ အစိုးရမင္းမ်ား၏ စီမံခန္႔ခြဲအုပ္ခ်ဳပ္မႈစနစ္ အာနည္းခဲ့ေသာေၾကာင့္ ျပဳန္းတီးလာခဲ့ရျပီး သစ္ေတာဖုံးလႊမ္းမႈသည္ ၁၉၅၆-၅၇ ခုႏွစ္တြင္ ၆၃ ရာခိုင္ႏႈန္း ရွိခဲ့ ရာမွ ၁၉၆၂ခုႏွစ္တြင္ သစ္ေတာဖံုးလႊမ္းမႈမွာ ၅၇ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ရသည္။ ထို႔ေနာက္ ၂၀၀၅ ခုႏွစ္တြင္ ၅၁ ရာခိုင္ႏႈန္း၊ ၂၀၀၈ ခုႏွစ္တြင္ ၄၇ ရာခိုင္ႏႈန္းအထိ ဆက္လက္က်ဆင္းခဲ့သည္။ သစ္ေတာျပဳန္းတီးမႈစာရင္း မ်ားအရ စစ္အစိုးရလက္ထက္တြင္ သစ္ေတာျပဳန္းတီးမႈ အမ်ားဆံုးျဖစ္ေပၚခဲ့သည္ကို ေတြ႔ရသည္။ စစ္အစိုးရက ၁၉၈၈ ခုႏွစ္ေနာက္ပိုင္း ျမန္မာႏုိင္ငံကို အုပ္ခ်ဳပ္ခဲ့ရာ ၂၀၀၃ ခုႏွစ္တြင္ သစ္ေတာဖံုးလႊမ္းမႈသည္ ႏုိင္ငံဧရိယာ၏ ၅၂ ဒသမ ၃ ရာခိုင္ႏႈန္းရွိရာခဲ့မွ ေနာက္ခုနစ္ႏွစ္အၾကာ ၂၀၁၀ ခုႏွစ္တြင္ ၄၁ ရာခိုင္ႏႈန္းထိ ေလ်ာ့နည္း က်ဆင္း ခဲ့သည္။

ထို႔အျပင္ ျမန္မာ့သစ္ေတာမ်ား၏ ကၽြန္းထုတ္လုပ္ႏုိင္မႈ အင္အား(AAC)သည္ ၁၉၅၆-၆၀တြင္ ကုဗတန္ ေလးသိန္း ရွိခဲ့ေသာ္လည္း စစ္အစိုးရ လက္ထက္ေနာက္ပိုင္းတြင္ ကုဗတန္ရွစ္ေသာင္းခန္႔သာ ရွိေတာ့သည္။  သစ္ေတာခရုိင္တိုင္းတြင္လည္း ပံုမွန္သစ္ထုတ္လုပ္ႏုိင္သည့္ အင္အားထက္ သံုးဆမွ ငါးဆအထိ တိုးတက္ ထုတ္လုပ္ခဲ့ေသာေၾကာင့္ သစ္ေတာမ်ား ျပဳန္းတီးခဲ့ရသည္။ ထို႔အျပင္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကရင္ ျပည္နယ္ကဲ့သို႔ မၿငိမ္းခ်မ္းခဲ့ေသာ နယ္ေျမမ်ား၊ အုပ္ခ်ဳပ္မႈႏွင့္ အလွမ္းေ၀းခဲ့သည့္ နယ္ေျမမ်ားတြင္လည္း သစ္ ေတာမ်ား အဆမတန္  ျပဳန္းတီးခဲ့ရသည္။ ထို႔ေၾကာင့္ သစ္ေတာျပဳန္းတီးမႈသည္ ၁၈၅၆ ခုႏွစ္မွာ ၇၀ ရာခိုင္ႏႈန္း ရွိေနရာမွ ၂၀၁၀ ခုႏွစ္တြင္ ၄၆ ဒသမ ၉ ရာခိုင္ႏႈန္းထိ က်ဆင္းသြားခဲ့သည္ဟု FAO က ထုတ္ျပန္ခဲ့ျပီး  ယခုႏွစ္ တြင္ သစ္ေတာဖံုးလႊမ္းမႈသည္ ၂၀ ရာခိုင္ႏႈန္းခန္႔သာ ရွိႏုိင္ေတာ့သည္ဟု သစ္ေတာပညာရွင္အခ်ဳိ႕က သံုးသပ္ခဲ့ ၾကသည္။

Copy link
Powered by Social Snap