Our Mission


<unicode ဖြင့်ဖတ်ရန်>

သတင်းအချက်အလက်ဆိုင်ရာ အထောက်အကူပြု ဝက်ဘ်ဆိုဒ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ
• သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အချက်အလက်များကို သတင်းမီဒီယာများတွင် ပိုမို ကျယ်ပြန့်စွာ ဖော်ပြနိုင်စေရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်အထောက်အကူပြု အချက်အလက်များကို အချိန်တိုအတွင်း ရှာဖွေ ကိုးကားနိုင်စေရန်အတွက် မိမိတို့၏ Environmental Database for Myanmar Media digital platform (EDMM digital platform)တွင် တစုတစည်းတည်း ဖော်ပြပေးနိုင်ရန် ရည်ရွယ်ပါသည်။
• သတင်းမီဒီယာများ ကိုးကားရ လွယ်ကူစေရန် သတင်းဆောင်းပါးများကို မြန်မာဘာသာဖြင့် စုစည်း တင်ပြသွားနိုင်ရန်လည်း ရည်ရွယ်ပါသည်။
• ဒစ်ဂျစ်တယ်မီဒီယာခေတ်တွင် သတင်းအချက်အလက် ရယူခြင်းကို အချိန်နေရာမရွေး ပြုလုပ်နိုင်ရန်လည်း ရည်ရွယ်ပါသည်။

<zawgyi ျဖင့္ဖတ္ရန္>

သတင္းအခ်က္အလက္ဆိုင္ရာ အေထာက္အကူျပဳ ဝက္ဘ္ဆိုဒ္ ျပဳလုပ္ရျခင္း၏ ရည္႐ြယ္ခ်က္မွာ
• သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းျခင္းဆိုင္ရာ အခ်က္အလက္မ်ားကို သတင္းမီဒီယာမ်ားတြင္ ပိုမို က်ယ္ျပန႔္စြာ ေဖာ္ျပႏိုင္ေစရန္အတြက္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ပညာရပ္အေထာက္အကူျပဳ အခ်က္အလက္မ်ားကို အခ်ိန္တိုအတြင္း ရွာေဖြ ကိုးကားႏိုင္ေစရန္အတြက္ မိမိတို႔၏ Environmental Database for Myanmar Media digital platform (EDMM digital platform)တြင္ တစုတစည္းတည္း ေဖာ္ျပေပးႏိုင္ရန္ ရည္႐ြယ္ပါသည္။
• သတင္းမီဒီယာမ်ား ကိုးကားရ လြယ္ကူေစရန္ သတင္းေဆာင္းပါးမ်ားကို ျမန္မာဘာသာျဖင့္ စုစည္း တင္ျပသြားႏိုင္ရန္လည္း ရည္႐ြယ္ပါသည္။
• ဒစ္ဂ်စ္တယ္မီဒီယာေခတ္တြင္ သတင္းအခ်က္အလက္ ရယူျခင္းကို အခ်ိန္ေနရာမေ႐ြး ျပဳလုပ္ႏိုင္ရန္လည္း ရည္႐ြယ္ပါသည္။

Our Vision


<unicode ဖြင့်ဖတ်ရန်>

မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သောသတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ရှာဖွေရန် ကိုးကားနိုင်သည့် သတင်းရင်းမြစ်များ၊ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၏ ဒစ်ဂျစ်တယ်မီဒီယာများ ရှိသော်လည်း အများစုမှာ သတင်းရေးသားမည့် သတင်းထောက်များနှင့် အယ်ဒီတာများ အလွယ်တကူ ရှာဖွေရန် လက်လှမ်းမမှီနိုင်ပဲ သတင်းရင်းမြစ်များ ပျံ့ကြဲနေသည်ကို တွေ့ရသည်။ ထိုအတွက် နည်းပညာ တိုးတက်နေသည့် ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် အချိန်နှင့် တပြေးညီ သတင်းများ ထုတ်လုပ်ရေးသားဖို့ အခက်အခဲများ ရှိနေသည်ကို တွေ့ရသည်။ ထိုအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာကဲ့သို့ ပညာရပ်ဆန်သော သတင်းများကို အချက်အလက်မှန်မှန်၊ ခိုင်လုံသော အထောက်အထားများနှင့် ပြည့်စုံစွာ ရေးသားဖို့မှာ သတင်းသမားတိုင်း၏ စိန်ခေါ်မှုဖြစ်နေသည့်အတွက် သဘာဝပတ်ဝန်းကျင်ကဲ့သို့ အမှန်တကယ် လိုအပ်သည့် သတင်းတိုများ၊ သတင်းဆောင်းပါးများကို ရေးသားမှု နည်းပါးနေသေးသည်ကို တွေ့ရသည်။ ထိုအတွက် မိမိတို့ Environmental Database for Myanmar Media(EDMM) ကို ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်သည်။ EDMM ကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်တိုအတွင်း တိကျစွာ ကိုးကားနိုင်မည် ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဆောင်းပါးများကို ပိုမို ထုတ်လုပ်ရေးသားနိုင်လာလိမ့်မည်ဟု ယုံကြည်ပါသည်။

<zawgyi ျဖင့္ဖတ္ရန္>

ျမန္မာႏိုင္ငံမွာ သဘာဝပတ္ဝန္းက်င္ႏွင့္ ပတ္သက္ေသာသတင္းအခ်က္အလက္မ်ားကို ျမန္မာဘာသာျဖင့္ ရွာေဖြရန္ ကိုးကားႏိုင္သည့္ သတင္းရင္းျမစ္မ်ား၊ အဖြဲ႕အစည္းမ်ား၊ ဝန္ႀကီးဌာန၏ ဒစ္ဂ်စ္တယ္မီဒီယာမ်ား ရွိေသာ္လည္း အမ်ားစုမွာ သတင္းေရးသားမည့္ သတင္းေထာက္မ်ားႏွင့္ အယ္ဒီတာမ်ား အလြယ္တကူ ရွာေဖြရန္ လက္လွမ္းမမွီႏိုင္ပဲ သတင္းရင္းျမစ္မ်ား ပ်ံ႕ႀကဲေနသည္ကို ေတြ႕ရသည္။ ထိုအတြက္ နည္းပညာ တိုးတက္ေနသည့္ ယေန႔ ဒစ္ဂ်စ္တယ္ေခတ္တြင္ အခ်ိန္ႏွင့္ တေျပးညီ သတင္းမ်ား ထုတ္လုပ္ေရးသားဖို႔ အခက္အခဲမ်ား ရွိေနသည္ကို ေတြ႕ရသည္။ ထိုအတြက္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အေၾကာင္းအရာကဲ့သို႔ ပညာရပ္ဆန္ေသာ သတင္းမ်ားကို အခ်က္အလက္မွန္မွန္၊ ခိုင္လုံေသာ အေထာက္အထားမ်ားႏွင့္ ျပည့္စုံစြာ ေရးသားဖို႔မွာ သတင္းသမားတိုင္း၏ စိန္ေခၚမႈျဖစ္ေနသည့္အတြက္ သဘာဝပတ္ဝန္းက်င္ကဲ့သို႔ အမွန္တကယ္ လိုအပ္သည့္ သတင္းတိုမ်ား၊ သတင္းေဆာင္းပါးမ်ားကို ေရးသားမႈ နည္းပါးေနေသးသည္ကို ေတြ႕ရသည္။ ထိုအတြက္ မိမိတို႔ Environmental Database for Myanmar Media(EDMM) ကို ႀကိဳးပမ္း ေဆာင္႐ြက္ျခင္းျဖစ္သည္။ EDMM ကို အသုံးျပဳျခင္းျဖင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို အခ်ိန္တိုအတြင္း တိက်စြာ ကိုးကားႏိုင္မည္ ျဖစ္ၿပီး သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အသိပညာေပး ေဆာင္းပါးမ်ားကို ပိုမို ထုတ္လုပ္ေရးသားႏိုင္လာလိမ့္မည္ဟု ယုံၾကည္ပါသည္။

Copy link
Powered by Social Snap