Pollutions (Defination)


<unicode ဖြင့်ဖတ်ရန်>

သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း(Pollution)ဆိုသည်မှာ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ရှိ ပစ္စည်းများ၊ ညစ်ညမ်းပစ္စည်းများ၊ စွန့်ပစ် ပစ္စည်းများကို စွန့်ပစ်ခြင်း၊ ထုတ်လွှတ်ခြင်း သို့မဟုတ် စုပုံခြင်းတို့ကို ဆောင်ရွက်ရာ တွင် မြေထု၊ ရေထု၊ လေထုအပါအဝင် ပတ်ဝန်းကျင် အစိတ်အပိုင်း တစ်ခုခု၏ ရုပ်ပိုင်းဆိုင်ရာ၊ အပူဓာတ်ဆိုင် ရာ၊ ဓာတုဆိုင်ရာ၊ သက်ရှိဇီဝဆိုင်ရာ ဂုဏ်သတ္တိများကို လည်းကောင်း၊ အများပြည်သူ ကျန်းမာရေး၊ အန္တရာယ် ကင်းရှင်းရေး၊ အကျိုးဖြစ်ထွန်းရေးနှင့် တိရစ္ဆာန်များ၊ အပင်များရှင်သန်ရေးကို လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းခြင်းများတွင် လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မြေထု ညစ်ညမ်းခြင်း၊ ရေဒီယိုသတ္တိကြွ ညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်း၊ အလင်းညစ်ညမ်းခြင်း၊ အမြင်ညစ်ညမ်း ခြင်း၊ အပူဓာတ်ဆိုင်ရာညစ်ညမ်းခြင်းတို့ ပါဝင်သည်။

<zawgyi ဖြင့်ဖတ်ရန်>



Copy link
Powered by Social Snap