Pollutions (History)


<unicode ဖြင့်ဖတ်ရန်>

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ(Pollution) သည် လူတို့၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၁၉၈၀ နောက်ပိုင်း သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများနှင့်အတူ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ကိုပါ သတိထားမိလာခဲ့ခြင်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများအနက် ရေထု၊ လေထု၊ မြေထု ညစ်ညမ်းမှုများးသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သိသိသာသာ ရင်ဆိုင်နေရပြီး လူသားတို့ကို ထိခိုက် သေကြေ ပျက်စီးရသည့် အခြေအနေအထိပင် ရောက်ရှိနေရပြီ ဖြစ်သည်။
လူတို့သည် နှစ်စဉ်တန်ချိန်သန်းပေါင်းများစွာရှိသော ဓာတ်ငွေ့နှင့် အမှုန်ကလေးများကို လေထုအတွင်း သို့ စွန့်ထုတ်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။ မော်တော်ကားကဲ့သို့သော ယာဉ်များကြောင့် လည်း ကောင်း၊ ဓာတ်ဆီ၊ ကျောက်မီးသွေးစသော လောင်စာများ လောင်ကျွမ်းမှုကြောင့် လည်းကောင်း လေထုညစ် ညမ်းမှု အများဆုံး ဖြစ်ရသည်။ လေထုညစ်ညမ်းမှုကြောင့် မျက်စိနာခြင်း၊ ပန်းနာရင်ကျပ်နှင့် အဆုတ်ရောင် ရောဂါများ၊ ကင်ဆာရောဂါများ ဖြစ်ပွားခြင်း၊ အပင်များရှင်သန်ရေးကို ထိခိုက်ခြင်း၊ အသုံးအဆောင်ပစ္စည်း များနှင့် တိုက်တာ အဆောက်အအုံများ ပျက်စီးလွယ်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ရေထုညစ်ညမ်းခြင်းသည် စက်မှုလက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် မိလ္လာစွန့်ပစ်ရေးလုပ်ငန်းများမှ တစ်နှစ်လျှင် ဂါလံသန်းပေါင်းများစွာရှိသော စွန့်ပစ္စည်းများကို ရေထုအတွင်းသို့ စွန့်ပစ်ခြင်းကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ ယင်းကဲ့သို့သော စွန့်ပစ္စည်းများထဲတွင် ဓာတုပစ္စည်းများ၊ အပင်နှင့် တိရစ္ဆာန်များ၏ စွန့်ပစ် ပစ္စည်းများ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ပါဝင်သည်။ စက်ရုံအလုပ်ရုံနှင့် လျှပ်စစ် ဓာတ်အားပေးရုံများမှ စွန့်ပစ်သော ရေများကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ပြီး လူတို့ကို ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်စေ သည့်အပြင် ရေထဲရှိ ငါး၊ ပိုးမွှား၊ တိရစ္ဆာန်နှင့် အပင်များကို သေကျေ ပျက်စီးစေသည်။
မြေထုညစ်ညမ်းမှုသည် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုခြင်း ဖြစ်ပေါ်လာ ခြင်း ဖြစ်သည်။ သဘာဝအလျောက် နှစ်ထောင်ပေါင်းများစွာ အချိန်ယူ၍ ဖြစ်ပေါ်ခဲ့ရသော မြေဆီလွှာသည် လူတို့၏ စည်းကမ်းမဲ့မှု၊ ပေါ့လျော့မှုကြောင့် နှစ်အနည်းငယ်အတွင်း ပျက်စီးသွားစေနိုင်သည်။ မြေထုညစ်ညမ်းမှု ကြောင့် လူ့အကျိုးပြုဗက်တီးရီယားနှင့် အခြားသက်ရှိများကို ထိခိုက်ပျက်စီးစေခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

<zawgyi ျဖင့္ဖတ္ရန္>

          သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈမ်ား(Pollution) သည္ လူတို႔၏ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ျဖစ္ေပၚလာျခင္း ျဖစ္ျပီး ၁၉၈၀ ေနာက္ပိုင္း သဘာ၀ ပတ္၀န္းက်င္ ပ်က္စီးမႈမ်ားႏွင့္အတူ သဘာ၀ ပတ္၀န္းက်င္ ညစ္ညမ္းမႈမ်ား ကိုပါ သတိထားမိလာခဲ့ျခင္း ျဖစ္သည္။ သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းမႈမ်ားအနက္ ေရထု၊ ေလထု၊ ေျမထု ညစ္ညမ္းမႈမ်ားးသည္ ကမာၻ႔ႏုိင္ငံအသီးသီးတြင္ သိသိသာသာ ရင္ဆိုင္ေနရျပီး လူသားတို႔ကို ထိခိုက္ ေသေၾက  ပ်က္စီးရသည့္ အေျခအေနအထိပင္ ေရာက္ရွိေနရျပီ ျဖစ္သည္။

လူတို႔သည္ ႏွစ္စဥ္တန္ခ်ိန္သန္းေပါင္းမ်ားစြာရွိေသာ ဓာတ္ေငြ႔ႏွင့္ အမႈန္ကေလးမ်ားကို ေလထုအတြင္း သို႔ စြန္႔ထုတ္ျခင္းျဖင့္ ေလထုညစ္ညမ္းမႈကို ျဖစ္ေစသည္။ ေမာ္ေတာ္ကားကဲ့သို႔ေသာ ယာဥ္မ်ားေၾကာင့္ လည္း ေကာင္း၊ ဓာတ္ဆီ၊ ေက်ာက္မီးေသြးစေသာ ေလာင္စာမ်ား ေလာင္ကၽြမ္းမႈေၾကာင့္ လည္းေကာင္း ေလထုညစ္ ညမ္းမႈ အမ်ားဆုံး ျဖစ္ရသည္။ ေလထုညစ္ညမ္းမႈေၾကာင့္ မ်က္စိနာျခင္း၊ ပန္းနာရင္က်ပ္နွင့္ အဆုတ္ေရာင္ ေရာဂါမ်ား၊ ကင္ဆာေရာဂါမ်ား ျဖစ္ပြားျခင္း၊ အပင္မ်ားရွင္သန္ေရးကို ထိခိုက္ျခင္း၊ အသုံးအေဆာင္ပစၥည္း မ်ားႏွင့္ တိုက္တာ အေဆာက္အအုံမ်ား ပ်က္စီးလြယ္ျခင္း၊ ရာသီဥတု ေဖာက္ျပန္ျခင္းတို႔ကို ျဖစ္ေပၚေစသည္။

ေရထုညစ္ညမ္းျခင္းသည္ စက္မႈလက္မႈလုပ္ငန္း၊ လယ္ယာလုပ္ငန္းႏွင့္ မိလႅာစြန္႔ပစ္ေရးလုပ္ငန္းမ်ားမွ တစ္ႏွစ္လွ်င္ ဂါလံသန္းေပါင္းမ်ားစြာရွိေသာ စြန္႔ပစၥည္းမ်ားကို ေရထုအတြင္းသို႔ စြန္႔ပစ္ျခင္းေၾကာင့္ ျဖစ္ေပၚ လာျခင္း ျဖစ္သည္။ ယင္းကဲ့သို႔ေသာ စြန္႔ပစၥည္းမ်ားထဲတြင္ ဓာတုပစၥည္းမ်ား၊ အပင္ႏွင့္ တိရစာၦန္မ်ား၏ စြန္႔ပစ္ ပစၥည္းမ်ား၊ ဓာတ္ေျမၾသဇာႏွင့္ ပိုးသတ္ေဆးမ်ား ပါဝင္သည္။ စက္ရုံအလုပ္ရုံႏွင့္ လွ်ပ္စစ္ ဓာတ္အားေပးရုံမ်ားမွ စြန္႔ပစ္ေသာ ေရမ်ားေၾကာင့္ ေရထုညစ္ညမ္းမႈမ်ား ျဖစ္ေပၚျပီး လူတို႔ကို က်န္းမာေရးဆိုင္ရာျပႆနာမ်ား ျဖစ္ေစ သည့္အျပင္ ေရထဲရွိ ငါး၊ ပိုးမႊား၊ တိရစာၦန္ႏွင့္ အပင္မ်ားကို ေသေက် ပ်က္စီးေစသည္။

ေျမထုညစ္ညမ္းမႈသည္ ဓာတ္ေျမဩဇာနွင့္ ပိုးသတ္ေဆးမ်ားကို အလြန္အကၽြံအသုံးျပဳျခင္း ျဖစ္ေပၚလာ ျခင္း ျဖစ္သည္။ သဘာဝအေလ်ာက္ ႏွစ္ေထာင္ေပါင္းမ်ားစြာ အခ်ိန္ယူ၍ ျဖစ္ေပၚခဲ့ရေသာ ေျမဆီလႊာသည္ လူတို႔၏ စည္းကမ္းမဲ့မႈ၊ ေပါ့ေလ်ာ့မႈေၾကာင့္ ႏွစ္အနည္းငယ္အတြင္း ပ်က္စီးသြားေစႏုိင္သည္။ ေျမထုညစ္ညမ္းမႈ ေၾကာင့္ လူ႔အက်ဳိးျပဳဗက္တီးရီယားႏွင့္ အျခားသက္ရွိမ်ားကို ထိခိုက္ပ်က္စီးေစျခင္း၊ စိုက္ပ်ဳိးေရးလုပ္ငန္းမ်ား ထိခိုက္ေစျခင္းတို႔ကို ျဖစ္ေပၚေစသည္။

Copy link
Powered by Social Snap